Window ဖုန်း သုံးစွဲ သူများအတွက် ဗိုက်ဘာ ဗားရှင်း အသစ်တွင် အသံမက်ဆေ့ခ်ျ ဝန်ဆောင်မှု ထည့်သွင်း

Window ဖုန်းအသုံးပြု သူများအတွက် အသံဖြင့် မက်ဆေ့ခ်ျ ပို့ပေးနိုင်မည့် Hold & Talk နည်းပညာ ကို Viber ဗားရှင်း အသစ်ဖြစ်သော 4.2 တွင် ထည့် သွင်းပေး လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘Viber ရဲ့ နောက်ဆုံးပေါ် ဗားရှင်းအသစ် နဲ့အတူ ကျွန်တော် တို့ရဲ့ လူကြိုက်များတဲ့ လုပ်ဆောင်ချက် တွေ ထဲကတစ်ခုဖြစ်တဲ့ Hold & Talk ကို Window ဖုန်း အသုံးပြု သူတွေအတွက် ယူဆောင် လာပါပြီ’’ဟု အမှုဆောင် အရာရှိချုပ် Mr.Talmon Marco က ပြောသည်။

အသံမက်ဆေ့ခ်ျများ ပေးပို့ ရာတွင် ခလုတ်ကို ဖိ၍ထားကာ မိမိ ဆက်သွယ်ပေးပို့ လိုသည့် စကားသံကို ပြောဆိုရမည်ဖြစ်ပြီး လက်ခံသူသည် မိမိဘက်မှ ပေးပို့ နေချိန်တွင်ပင် စကားသံကို နား ထောင်နိုင်မည် ဖြစ်သည်။

Hold & Talk အသုံးပြုခြင်းဖြင့် သုံးစွဲသူ အချင်းချင်းမြန်ဆန်စွာ ဆက်သွယ်ပြော ဆိုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ Viber အသုံး ပြုသူဦးရေမှာ ၂၀၁၃ ခုနှစ် ဒီဇင် ဘာ၌ သုံးသိန်းကျော်သာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ် ဇူလိုင်တွင် အသုံးပြု သူ ငါးသန်းအထိတိုးတက်ခဲ့သည့် အတွက် ယခုနှစ်တွင် အသုံးပြုသူ ၄ ဒသမ ၆ သန်းအထိ တိုးတက် လာခြင်းဖြစ်ကြောင်း Viber မှ ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။

ယခုအချိန်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ Viber သုံးစွဲသူသန်း လေးရာကျော်ရှိနေပြီဖြစ်ကာ တစ်ကမ္ဘာလုံး တွင် တရားဝင်စာ ရင်းသွင်းထားသူဦးရေ ၆၀၈ သန်းကျော် သွားပြီဖြစ်သည်။


7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...