ရန်ကုန် တက္ကသိုလ်တွင် ဘာသာရပ်တစ်ခု ထပ်တိုး

pic;provesthome.com
ရန်ကုန် တက္ကသိုလ်၌ ယခုနှစ် ပညာသင်နှစ် မှစတင်၍ မြန်မာမှုရေးရာ (Myanmar Study) ဘာသာရပ် အသစ်ကို ထည့်သွင်း သင်ကြားပေး သွားမည်ဖြစ် ကြောင်း သတင်း ရရှိသည်။

ရန်ကုန် တက္ကသိုလ်တွင် ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ် နှစ်ဆယ်အပြင် ပြီးခဲ့သည့် စာသင်နှစ်က အသစ် တိုးချဲ့သင်ကြားသည့် နိုင်ငံရေးသိပ္ပံ ဘာသာရပ် အပြင် ယခုနှစ်ပညာ သင်နှစ်မှ စတင်၍ မြန်မာမှုရေးရာ ဘာသာရပ်ကို အသစ်တိုးချဲ့ လက်ခံ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ကျော်နိုင် ကပြောသည်။

‘‘ဒီနှစ်က စပြီးတော့ Myan−mar Study ဆိုပြီးတော့ Social Sci−ence ဘာသာ လေး၊ငါးခုက ၀ိုင်းပြီး တော့ သင်မယ့် ဘာသာတစ်ခု ထပ်တိုးတယ်။ ၀ိုင်းသင်ပေးရ မှာက မြန်မာစာ၊ သမိုင်း၊ ရှေး ဟောင်း သုတေသန၊ မနုဿဗေဒ တို့လို ဘာသာရပ်တွေက ၀ိုင်း သင်ပေးမှာ။ အထူးသဖြင့် လာတက်ချင်တဲ့နိုင်ငံခြား သားတွေ အတွက် ရည်ရွယ်တာပေါ့’’ဟု ၎င်းကပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် ၀ိဇ္ဇာ၊သိပ္ပံဘာသာရပ်များအဖြစ် ရူပ ဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ သတ္တဗေ ဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ် ဓာတုဗေဒ၊ နိုင်ငံတကာဆက်ဆံ ရေးပညာ၊ ဥပဒေပညာ၊ စာကြည့် တိုက်နှင့် သုတပညာ၊ ပထ၀ီဝင်၊ သမိုင်း၊ စိတ်ပညာ၊ ဒဿနိကဗေ ဒ၊ ရှေးဟောင်း သုတေသနပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အရှေ့ တိုင်းပညာ၊ ကွန်ပျုတာသိပ္ပံ၊ နိုင်ငံ ရေးသိပ္ပံနှင့် မြန်မာမှုရေးရာဘာ သာရပ်များ သင်ကြားပေးသွား မည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်တွင် ယခု နှစ် ပညာသင်နှစ် အတွင်းလက်ခံ သင်ကြားပေးမည့် ဘာသာရပ်၂၂ ခုတွင် ဘာသာရပ်တစ်ခုလျှင် ကျောင်းသူ၊ ကျောင်းသားအ ငါးဆယ်ဦးစီသာ လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယမန်နှစ် ပညာသင်နှစ်အ တွက် ရန်ကုန်တက္ကသိုလ်ဝင်ခွင့် အမှတ်များမှာ အမြင့်ဆုံးအမှတ် ၅၁၀မှ ၄၃၀အထိရှိခဲ့ပြီး ယခုနှစ် ပညာသင်နှစ်အတွက် ၀င်ခွင့်အ မှတ်များကွာခြားချက် များစွာမရှိဘဲ ခေါ်ယူ သွားမည်ဟု ရန်ကုန် တက္ကသိုလ်မှသိရသည်။

၁၉၉၆ခုနှစ်မှစတင်၍ ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ်ဘွဲ့ကြိုသင်တန်း များကို ပိတ်ထားခဲ့သည့် ရန်ကုန် တက္ကသိုလ် ကို ယမန်နှစ် ဒီဇင်ဘာ တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်ဘွဲ့ကြိုသင်တန်း များအပြင် ဘွဲ့လွန်ဒီပလိုမာ၊ မ ဟာဘွဲ့သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းများ လက်ခံသင်ကြား ပေးလျက်ရှိသည်။


7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...