Wireless File Transferring To iDevices-WinSCP အသုံးပြုနည်း

iDevices မျေားကို Computer နဲ့ချိတ်ဆက်ရာမှာ Jailbreak Devices များ အတွက်ဆိုရင် USB ကြိုးတခုတည်း အသုံးဝင်တာ မဟုတ်ပါဘူး။

Wireless File Transferring လုပ်တဲ့နေရာမှာ Cydia ကနေ openssh install လုပ်ထားပါက WinSCP Tool ကို အသုံးပြုနိုင် ပါသေးသည်။

OpenSSh ကို cydia.myrepospace.com/Kyawthihaphyo/ source တွင် ရယူနိုင်ပါတယ်။ သူ့ကို Install လုပ်ပြီးရင် ရပါပြီ။ သူက setting, Icon အဖြစ်မပေါ်ပါ။ computer နဲ့ iDevices သည် တူညီသော network connection နဲ့သာ ပြုလုပ်နိုင်သည်။ 

ဥပမာ။ wifi သုံးတာဆိုရင် iDevices , computer မှာ wifi IP address တူနေရမည်။ မိမိဖုန်းကနေ Personal Hottspot ဖွင့်ပြီး Computer ကနေချိန်ပြီးလည်းသုံးနိုင် ပါတယ်။ ဖုန်းက IP Address ကို WinSCP > host name တွင်ထည့်ပေးရမည်။


WinSCP ကို Computer အတွက် Download & Install လုပ်ရပါမည်။ Install လုပ်ပြီး WinSCP အားဖွင့်ပါက ပုံပါအတိုင်းမြင်တွေ့ရပါမည်။

Host Name တွင်မိမိအသုံးပြုထားသော WiFi IP Address ထည့်ပေးရပါမည်။ User Name တွင် root နဲ့ password တွင် alpine တို့ဖြည့်

ပြီး LogIn လုပ်ပါ။



LogIn လုပ်ပြီးပါကပေါ်လာသော Dialog Box တွင် Yes လုပ်ပါ။


Yes လုပ်ပြီးပါက root access ရရှိထားပြီဖြစ်သော root file system ထဲသို့ရောက်ရှိသွားပါပြီ။ ပုံရဲ့ညာဘက်ကတော့ root file system

ဖြစ်ပြီးဘယ်ဘက်ကတော့ Computer file system ပဲဖြစ်ပါတယ်။


မိမိကူးယူချင်သော ဖိုင်များဖိုဒါများကို Copy, Paste လုပ်ခြင်းဖြင့်သော်၎င်း, ဖိုဒါ, ဖိုင်အား select လုပ်ပြီး Drag ဆွဲပြီးရွှေ့ထည့်ခြင်းဖြင့်၎င်း

ထည့်သွင်းနိုင်ပါသည်။



Wireless FileTransferring နဲ့ ဓါတ်ပုံများကို Computer မှ iDevice ရဲ့ iFile > var > mobile> media> DCIM > 100apple ထဲသို့ ထည့်လိုက်ပါပြီ။


Camera roll ထဲသို့ တိုက်ရိုက် မရောက်ပါ။ ထည့်လိုက်သော ပုံတပုံကိုနှိပ်ပြီး Images Viewer နဲ့ကြည့်ပြီးအောက်က ဖိုဒါပုံလေးကိုနှိပ်ပြီးမှ

Camera roll ထဲသို့ Save လုပ်နိုင်မှာဖြစ်ပါတယ်။




Users များအားလုံး အဆင်ပြေကြပါစေခင်ဗျာ။

Kyaw Thiha Phyo-Redsnow(MMAS & MMUG)
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...