ပညာရေး ကောလိပ်ရှိ ဆရာ၊ ဆရာမများအား ယူကေမှ အင်္ဂလိပ် ဘာသာစကား သင်ကြားပေးမည်
ဗြိတိသျှကောင်စီနှင့် ယူကေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (DFID) တို့မှပူးပေါင်း၍ အင်္ဂလိပ်ဘာ သာကို မိခင်ဘာသာ စကားအဖြစ် ပြောဆိုနေသည့် ဆရာ၊ ဆရာမများက မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ပညာရေး ကောလိပ်များတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဆရာအတတ်သင်ဆရာ၊ ဆရာမများအ တွက် အင်္ဂလိပ် ဘာသာစကားနှင့် အင်္ဂလိပ်စာ သင်ကြားနည်းများကို စက်တင်ဘာ ၁ ရက်မှစတင်ကာ နှစ်နှစ်စီမံကိန်းဖြင့် လာရောက် သင်ကြားမည် ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနေဝင်းဦးက ပြောကြား ခဲ့သည်။
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် သြဂုတ် ၂၅ ရက်က ပြုလုပ်ခဲ့သော ဗြိတိသျှကောင်စီနှင့် ယူကေ အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (DFID) တို့မှပူးပေါင်း၍ပြုလုပ်သည့် ပညာရေးကောလိပ်ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ် ဘာသာစကားသင်ကြားရေး အစီအစဉ်ဖွင့်ပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
အထောက်အကူ
‘ဒီပရောဂျက်က ကျွန်တော်တို့နိုင်ငံအတွက် အတော်ကိုအကျိုးရှိတဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ ဒီကို လာရောက် သင်ကြားပေးမယ့် ဆရာ၊ ဆရာမပေါင်း ၄၄ ဦးရှိတယ်။ တစ်နိုင်ငံလုံးမှာ ပညာရေးကော လိပ်ပေါင်း ၂၁ ခုရှိတယ်။ ပညာရေးကောလိပ်တွေမှာရှိတဲ့ ဆရာ၊ ဆရာမတွေအားလုံးကို သင်ကြားပေး မှာပါ။ အဲဒီကနေ အင်္ဂလိပ်ဘာသာ စွမ်းရည်ကိုပြန်ပြီး ယူလို့ရတယ်။ ဆရာ၊ ဆရာမတွေကျောင်းသား တွေကို ပြန်ပြီးပို့ချရမှာဖြစ်တယ်။ အဲဒီအတွေ့ အကြုံ တွေကိုရပြီး သင်ခန်းစာတွေကို ပြန်ပြီးအသုံးချနိုင် မှာဖြစ်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအတွက် အများကြီးအထောက်အကူပြုပါတယ်’ ဟု ၎င်းကပြောကြားသည်။
သင်ကြား
ယင်းကဲ့သို့သင်ကြားပေးရာတွင် အင်္ဂလိပ်ဘာသာကို မိခင်ဘာသာစကားဖြင့် ပြောဆိုကြသော ဗြိတိသျှ ကောင်စီမှ လေ့ကျင့်ရေး ဆရာ၊ ဆရာမ ၂၂ ဦးနှင့် ယူကေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (DFID) မှစေတနာ့ဝန်ထမ်း လေ့ကျင့် သင်ကြားရေး ဆရာ၊ ဆရာမ ၂၂ ဦး၊ စုစုပေါင်း ၄၄ ဦးက မြန်မာနိုင်ငံတစ် ဝန်းရှိ ပညာရေးကောလိပ် ၂၁ ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာအတတ်သင် ဆရာ၊ ဆရာမ ၁၅၀၀ ကို သင်ကြားပေးမည်ဖြစ်သည်။
နှစ်ဦးစီ
ထိုသို့သင်ကြားရေးကာလနှစ်နှစ်အတွင်းတွင် ဗြိတိသျှကောင်စီမှ လေ့ကျင့်ရေးဆရာ၊ ဆရာမတစ်ဦး နှင့်ယူကေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (DFID) မှစေတနာ့ဝန်ထမ်းလေ့ကျင့်သင်ကြားရေး ဆရာ၊ ဆရာမတစ်ဦး စုစုပေါင်းနှစ်ဦးစီကို မြန်မာနိုင်ငံအရပ်ရပ်ရှိ ပညာရေးလေ့ကျင့်ရေး ကောလိပ်များ နှင့် ပညာရေးတက္ကသိုလ်များတွင် နေရာချထားကာ လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
‘အခုဆရာ၊ ဆရာမတွေက အင်္ဂလိပ်စာအားနည်တယ်လေ။ အဲလိုမျိုးသင်ပေးလိုက်တော့ အင်္ဂလိပ်စာ အားနည်း တာကို ဖြည့်ဆည်းပေးနိုင်တာပေါ့။ ဆရာ၊ ဆရာမတွေက အင်္ဂလိပ်စာကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်သွားလို့ရှိရင် ကလေးတွေကို ပြန်ပို့ချတဲ့အခါပိုပြီး ကောင်းမွန်လာနိုင်တာပေါ့။ အခုဆိုရင် ဆရာ၊ ဆရာမတွေက ကိုယ့်ရဲ့တပည့် တွေကို ပြန်သင်မယ်။ အဲဒီတပည့်တွေကို ပြန်သင်မယ်။ အဲဒီတပည့် တွေက ဆရာဖြစ်မယ့်သူတွေလေ။ အဲဒီ တပည့်တွေက နိုင်ငံတော်မှာလိုအပ်နေတဲ့ အင်္ဂလိပ်စာနဲ့ပတ် သက်ပြီး ကျွမ်းကျင်သွားတော့ ပိုပြီးကောင်းမွန် သွားတာပေါ့’ ဟု တောင်ငူပညာရေး ကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်ကြူကြူက ပြောဆိုသည်။
နှစ်နှစ်စီမံကိန်း
အင်္ဂလိပ်ဘာသာစကားကို နှစ်နှစ်စီမံကိန်းဖြင့် သင်ကြားပို့ချရာတွင် ပထမနှစ်တွင် အင်္ဂလိပ်စာ Four Skill ကို သင်ကြားပေးမည်ဖြစ်ပြီး နောက်တစ်နှစ်တွင် အင်္ဂလိပ်စာသင်ကြားနည်းပုံစံကို သင်ကြားပေး မည်ဖြစ်ကြောင်း၊ စီမံကိန်းကာလနှစ်နှစ်ပြီးဆုံးပါက ဆရာအတတ်သင်ဆရာ၊ ဆရာမများ၏ အင်္ဂလိပ် စာအရည်အချင်းကို စစ်ဆေးမှု များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စံတော်ချိန်သတင်းစာ
သြဂုတ် (၂၇) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook