အိန္ဒိယက ရွှေင်္အကျီနဲ့ သူဌေးများ...

Photo: IANS - ရွှေင်္အကျီ ၀တ်ဆင်ထားတဲ့ Pankaj Parakh

အိန္ဒိယနိုင်ငံက စီးပွားရေးသမား တဦဖြစ်တဲ့ Datta Phuge တစ်ယောက် ရွှေသားနဲ့ ယက်လုပ်ထားတဲ့ ၃.၂ ကီလိုလေးတဲ့ င်္အကျီကို လူအများရှေ့မှာ ၀တ်ဆင်ပြပြီး မကြာခင်မှာပဲ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး သမားလည်းဖြစ် နိုင်ငံရေးသမားလည်း ဖြစ်တဲ့ Pankaj Parakh တယောက်လည်း အလေးချိန် ၄ ကီလို ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကျော်တန်တဲ့ ရွှေင်္အကျီကို သူရဲ့ ၄၅ နှစ်မြောက် မွေးနေ့မှာ သူ့ရဲ့ကိုယ်ပိုင် မွေးနေ့လက်ဆောင်အဖြစ် ၀တ်ဆင်ပြလိုက်ပါတယ်...

Pankaj ဟာ မွန်ဘိုင်းအနီး Yeola မြို့မှာ ချည်ထည်လုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝလာတဲ့ လုပ်ငန်းရှင် သူဌေးတစ်ဦး ဖြစ်ပါတယ်... အခုလို တန်ဖိုးကြီး ရွှေင်္အကျီကို ၀တ်ဆင်ပြပြီး သူဘယ်လောက်ထိ အောင်မြင်နေတယ် ဆိုတာကို ကမ္ဘာ့အရပ်ဒေသတွေကို သိစေချင်တယ်လို့ ဆိုပါတယ်...


Photo: video captions - Pankaj Parakh

ရွှေသားင်္အကျီကို Nashil မြို့အနီးအနားက ဒီဇိုင်းနာ Bafna Jewellers က ဒီဇိုင်းဆွဲပေးထားတာ ဖြစ်ပြီး ယက်လုပ်ဖို့အတွက် ရွေးချယ်ထားတဲ့ လက်မှုပညာရှင် ၂၀ ဦးပါဝင်တဲ့ Team တခုကနေ ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်... ယက်လုပ်ချိန် နာရီပေါင်း ၃,၂၀၀ ကြာမြင့်တယ်လို့ ဆိုပါတယ်...

ရွှေသား ၁၈ ကာရက်ကနေ ၂၂ ကာရက်ထိ သုံးစွဲထားတဲ့ အဆိုပါ ရွှေင်္အကျီမှာ ရွှေသားကြယ်သီး ၇ လုံး တပ်ဆင်ထားပါတယ်... တထည်လုံးကို ရွှေသားတွေချည်းနဲ့ ပြုလုပ်ထားသော်လည်း ၀တ်ဆင်ရတာ သက်တောင့်သက်သာနဲ့ ချောချောမွေ့မွေ့ ရှိတယ်လို့ ဆိုပါတယ်... ထိမ်းသိန်း ပြုပြင်ရတာ လွယ်ကူပြီး သာမန်င်္အကျီတွေလိုပဲ လျှော်နိုင်ဖွတ်နိုင်ပါတယ်... တာရှည်ခံမှုကတော့ lifetime guarantee ပါတဲ့ဗျာ...

ရွှေကို အချစ်လို ကိုးကွယ်လာခဲ့တဲ့ Pankaj ဟာ သူ့ရဲ့ မင်္ဂလာပွဲမှာတုန်းကလည်း သူ့ရဲ့ဇနီးလောင်း သတို့ သမီးထက် ပိုပြီး ရွှေတွေ ဆင်မြန်းခဲ့ပါတယ်... အခြားမင်္ဂလာပွဲတွေကို တက်ရောက်မယ် ဆိုရင်လည်း သူ့ကိုယ်မှာ အနည်းဆုံး ရွှေ ၃ ကီလိုလောက် ဆင်မြန်ထားမှ တက်ရောက်ပြီး ဇနီးဖြစ်သူကတော့ ရွှေသား ၄၀ - ၅၀ grams လောက်သာ ၀တ်ဆင်တယ်လို့ ဆိုပါတယ်..


ရွှေင်္အကျီ ၀တ်ဆင်ထားတဲ့ Datta Phuge

Pankaj Parakh's Video...


ref;Hindustan Times/ Ko Myo
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...