ဖားဖျော်ရည်...
ဖားဖျော်ရည်(Frog Juice)

ပန်းသေ ပန်းညိုးရောဂါအတွက် ဖားကို ဖျော်ရည်လုပ်ထားတဲ့ ပီရူး(Peru)နိုင်ငံက ဆေးနည်းတစ်ခုပါ... ပီရူးဘိုင်ဂရာ (Peruvian Viagra) လို့လည်း တင်စားပြီး ခေါ်ပါတယ်...
သူတို့အဆိုအရတော့ ပန်းသေနေတဲ့သူတွေ... လိင်ပိုင်းဆိုင်ရာလှုံ့ဆော်မှု အားနည်းနေတဲ့ သူတွေအတွက် အလွန်ထိရောက်တဲ့ အကောင်းဆုံး ကာမအားတိုးဆေး (best aphrodisiac) တလတ်ဖြစ်တယ်လို့ ဆိုပါတယ်...
နာတာရှည် ပန်းနာရင်ကျပ်၊ ချောင်းဆိုး စတဲ့ ရောဂါတွေအပြင်.. ခန္ဒာကိုယ်လေးလံထိုင်းမှိုင်း တာတွေကို လည်း ကုသပျောက်ကင်း စေတယ်လို့ ဆိုပါတယ်...
ဖားဖျော်ရည်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့...
(၁)အရေခွံခွာပြီး သန့်စင်ထားတဲ့ ဖားတစ်ကောင်...
(၂)ပျားရည်...
(၃)ပြုတ်ထားတဲ့ အဖြူရောင်ပဲစေ့...
(၄)Aloe vera ခေါ်တဲ့ ဆေးဖက်ဝင်အပင်...
(၅)Lepidium Meyenii (aka) Maca လို့ခေါ်တဲ့ ဆေးမြစ်...စတာတွေ ဖြစ်ပါတယ်...
အဲဒါတွေအားလုံးကို ဖျော်စက်(Blender) ထဲကို အချိုးကျထည့်ပြီး မွှေလိုက်ရင် အလွန်အရသာရှိတဲ့ ဖားဖျော်ရည်တခွက် ရရှိပြီလို့ ဆိုပါတယ်...
ဒီဖားဖျော်ရည်ဟာ ပီရူးနိုင်ငံရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ လီမာ(Lima) ဈေးကွက်မှာတော့ ရောင်းအား အကောင်းဆုံး ဆေးစွမ်းတလတ် ဖြစ်တယ်လို့ ဆိုကြောင်းပါ...ခင်ဗျား......။
ကိုးကား...Wikipedia, internet
--------------------------------------------------
ကိုမျိုး (http://lwanmapyay.blogspot.com)