သင့်မျက်လုံးအရောင်က ပြောပြပေးမယ့် သင့်အကြောင်း
မျက်လုံးဆိုတာ စိတ်ရဲ့တံခါးပေါက်လို့ ဆိုကြပါ တယ်။ နောက်ထပ် တစ်ဆင့်ထပ်ကဲပြီး ဆိုရရင်ဖြင့် မျက်လုံးဟာ ကျန်းမာရေးရဲ့ တံခါးပေါက်တွေလည်း ဖြစ်ပါရဲ့။ သင့်မျက်လုံး အရောင်ကို ကြည့်ပြီး သင်ဟာ ကျန်းမာသူလား၊ အားကစား လိုက်စား သူလား စသဖြင့် ခွဲခြားနိုင် ပါသေးတယ်။ Pittsburgh တက္ကသိုလ်က သုတေသန ပညာရှင် တွေရဲ့ လေ့လာတွေ့ရှိချက်အရ မျက်လုံး အရောင် ဖျော့တဲ့ အမျိုးသမီးတွေဟာ ကလေးမွေးတဲ့အခါ မျက်လုံးအရောင်ရင့်တဲ့ အမျိုးသမီးတွေထက် နာကျင်မှု လျော့နည်းတယ်လို့ ဆိုထားပါတယ်။
အရက်သောက်သုံး မှုမှာကျတော့ မျက်လုံးအရောင်ဖျော့တဲ့သူတွေဟာ အရောင်ရင့်တဲ့ သူတွေထက် ပိုသောက်နိုင်ကြတယ်လို့ ဆိုပြန်ပါတယ်။ မျက်လုံးဟာ လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇအလိုက် အရောင်ကွဲ သွားကြပါတယ်။ အရေပြားနဲ့ ဆံပင်မှာရှိတဲ့ အမည်းရောင်ဒြပ်ကြောင့်ပဲ အရောင်ဖြစ်ပေါ်မှုတွေဟာ မျက်လုံးကို ပိုအရောင်ရင့်သွားစေတာမျိုးပါ။ မျက်လုံးအရောင်ရင့်တဲ့သူတွေဟာ စိတ်ကိုထိန်းချုပ်မှုပိုင်း အားနည်းတာကြောင့် အရက်သောက်နှုန်း လျှော့ချသင့်ပေမယ့် ဦးနှောက်ကိုသွားတဲ့ တုံ့ပြန်မှုအား ကောင်းမွန် တာကြောင့် အားကစားလုပ်တဲ့ဘက်မှာတော့ ထူးချွန်ကြတယ်လို့ သိရပါတယ်။
Louisville တက္ကသိုလ်ရဲ့ တွေ့ရှိချက်မှာတော့ မျက်လုံး အရောင်ဖျော့တဲ့ သူတွေဟာ ပူပေါင်းလုပ်ဆောင် မှုတွေမှာ အားသာတဲ့အပြင် စာပေလေ့လာတာမျိုး၊ သင်ယူတာမျိုးတွေ လုပ်သင့်တယ်လို့လည်း ဆိုထား ပြန်ပါတယ်။
Ref:aol.com

Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook