သင့်ရဲ့ Android tablet သို့မဟုတ် ဖုန်းတစ်ခုလုံးကို Back up လုပ်ထားခြင်း
သင့်ရဲ့ တက်ဘလက်နဲ့ ဖုန်းတွေက သင့်ရဲ့ desktop PC တွေထက်စာလျှင် ပျောက်ဆုံးဖို့ ပိုမိုလွယ်ကူပေမယ့် back up လုပ်ထားဖို့ကတော့ ပိုမို ခက်ခဲပါတယ်။ Android က open platform ဖြစ်တာနဲ့အညီ developer တွေကို သင့်ရဲ့ data တွေ၊ settings တွေကို access လုပ်နိုင်မယ့် apps တွေရေးသားနိုင်စေ မှာဖြစ်ပြီး ယင်းက အကျိုးရှိနိုင် သလို အကျိုးမဲ့တာတွေ လည်းဖြစ်နိုင်ပါတယ်။သင့်ရဲ့ device တွေပေါ်မှာ malware တွေ လွယ်လင့်တကူ ဝင်ရောက်နိုင်စေမှာ ဖြစ်တဲ့အတွက် သင့်အနေဖြင့် antivirus app တွေဖြစ်တဲ့ Avast Mobile Security(www.snipca.com/12290) လိုမျိုး apps တွေ သုံးစွဲနိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ data တွေကို လည်းလွယ်လင့်တကူ back up လုပ်ထားနိုင်မှာဖြစ်ပါတယ်။
အခမဲ့ဗားရှင်းဖြစ်တဲ့ Avast’s Mobile Backup app( www.snipca.com/12264) ကသင့်ရဲ့ text messages တွေ၊ contacts တွေ၊ call logs တွေ၊ ဓာတ်ပုံတွေကို တစ်ရက်တစ်ကြိမ် သင့်ရဲ့ personal account နဲ့ Avast ရဲ့ လုံခြုံစိတ်ချရသော cloud servers များသို့ back up လုပ်သွားမှာဖြစ်ပါတယ်။ သင့်အနေဖြင့် ဘာတွကို back up လုပ်မလဲ၊ ဘယ်နှကြိမ် ဘယ်လိုမျိုး လုပ်မလဲ ဆိုတာတွေကို apps ရဲ့ setting မှာ ပြုပြင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် သင့်အနေဖြင့် သင်က Wi-Fi ချိတ်ဆက် မိနေတဲ့ အခါတိုင်းမှာ full back-up လုပ်ဆောင်ဖို့အတွက် ချိန်ညှိထားနိုင်မှာဖြစ်ပါတယ်။ သင့်အနေဖြင့် သင့်ရဲ့ back ups တွေကို Google Drive သို့လည်း ပိုမိုစိတ်ချရနိုင်စေရန် ကော်ပီ ကူးထားနိုင်မှာဖြစ် ပါတယ်။ သင့်ရဲ့ Account ကို ဝင်ရောက်နိုင်ရန်ပိုမိုလုံခြုံစိတ်ချရမှုရှိစေဖို့ PIN နဲ့ ကာကွယ်ထားနိုင်ပါ တယ်။ သို့သော်လည်း သင့်အနေဖြင့် မည်သည့် Android device မှမဆို အချိန်မရွေး သင် data တွေ restore လုပ်ဖို့လိုအပ်တဲ့အခါတိုင်းမှာ လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ အသစ်ဖြစ်သော ပရီမီယံ ဗားရှင်းက in-app subscription အဖြစ် တစ်လကို £2 ကျသင့်ကာ သင့်ရဲ့ apps များ၊ သီချင်းများ နဲ့ ဗီဒီယိုဖိုင်များကို backs up လုပ်ထားနိုင်စေမှာဖြစ်ပြီး Avast Mobile Security Premium လည်းပါဝင် မှာဖြစ်ပါတယ်။ မှတ်သားထားရမှာက အလိုအလျောက် အသစ်ပြန်လုပ်ဖို့ ရွေးချယ်နိုင်စေမှာဖြစ်ပါတယ်။ သို့သော် သင့်ရဲ့ subscription ကို menually အားဖြင့် renew လုပ်မယ်ဆိုရင်တော့ ယင်းကိုရွေးချယ် ထားခြင်းမပြုရပါဘူး။
ကျွန်တော်တို့အနေဖြင့် Malwarebyte ရဲ့ Secure Backup app( www.snipca.com/12265) ကို install ဖို့လည်း အကြံပြုပါတယ်။ ယင်းမှာ တစ်ပါတည်း ပါဝင်လာတဲ့ Malwarebytes Anti-Malware က သင့်ရဲ့ မိုဘိုင်း data များကို encrypt မလုပ်မီ bugs များကို scan ဖတ်ရှုစစ်ဆေးပြီး cloud မှာ အလို အလျောက် back up လုပ်သွားမှာဖြစ်ပါတယ်။

Download Link:
Avast's Mobile Backup
https://play.google.com/store/apps/details?id=com.avast.android.backup
Malwarebyte's Secure Backup
https://play.google.com/store/apps/details?id=org.malwarebytes.backup&hl=en_GB
====================================
Nyein Chan (TSJ Tech Team)
Ref: Computer Active Issue 425 မှ

TechSpace Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)