သင့်ရဲ့ iPad သို့မဟုတ် iPhone ကို Back up လုပ်ထားခြင်း

Apple device တွေမှာ သူတို့ရဲ့ကိုယ်ပိုင် built-in ပါရှိတဲ့ backup tools တွေပါဝင်ပြီး သင်ရဲ့ iPad နဲ့ iPhone မှာရှိတဲ့ data တွေ အားလုံးကို သိမ်းဆည်း ထားပေးနိုင်မှာဖြစ်ပါတယ်။ ယင်းမှာ apps များလည်းပါဝင်ပြီး သင့်ရဲ့ ကွန်ပျူတာ သို့မဟုတ် Apple ရဲ့ iCloud ဝန်ဆောင်မှုစနစ်သို့ iTunes မှတဆင့် back up လုပ်နိုင်စေမှာ ဖြစ်ပါတယ်။ ဘာတွေကို back up လုပ်မယ်၊ ဘယ်နေရာမှာ သိမ်းဆည်းထားမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်မှုတွေ သိပ်ရှိမှာတော့ မဟုတ်ပါဘူး။ iCloud ရဲ့ free ရတဲ့ 5GB သိုလှောင်မှု ပမာဏက သင့်ရဲ့ ဗီဒီယိုဖိုင်တွေနဲ့ apps တွေကို သိမ်းဆည်းဖို့တော့ သိပ်ပြီးလုံလောက်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် သင့်အနေဖြင့် ဘာတွေကို back up လုပ်မယ်၊ ဘယ်လို လုပ်ဆောင်မယ် ဆိုတာတွေနဲ့ပတ်သက်ပြီး ရွေးချယ်နိုင်စေဖို့ third-party backup apps တွေကို App Store ကနေရယူပြီး သုံးစွဲနိုင်ပါတယ်။

FileExplore (www.snipca.com/12292, £2.99) က ကျွန်တော်တို့ တွေ့ရှိတဲ့အထဲမှာ အကောင်းဆုံး ဖြစ်ပြီး ယင်းက password ကာကွယ်မှုပါဝင်တဲ့ feature အသစ်နဲ့ အဆင့်မြှင့်တင် ထားတာကိုတွေ့ရ ပါတယ်။ Raw image တွေကို back up လုပ်နိုင်သလို WebDAV ဖိုင်တွေကိုလည်း back up လုပ်နိုင်ဖို့ ထောက်ပံ့ပေးထား ပါတယ်။ဒီ app က သင့်ရဲ့ device တွေမှာ( Linux ,Mac ရော Windows မှာပါ) ရှိတဲ့ ဖိုင်တွေကို access လုပ်နိုင်စေမှာဖြစ်ပြီး ယင်းတို့ကို သင့်ရဲ့ ကွန်ပျူတာသို့(သို့မဟုတ် သင့်ရဲ့ ကွန်ပျူတာ၊ external hard drive,NAS Server သို့မဟုတ် cloud ဝန်ဆောင်မှုတွေဖြစ်တဲ့ Dropbox နဲ့ Google Drive တွေကို VPN(Virtual Pirvate Network )မှ) back up လုပ်ထားနိုင်ပြီး လုံခြုံရေးနဲ့ ပတ်သက်တဲ့ ရွေးချယ်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ထည့်သွင်းပေးထားပါတယ်။ ဒီ apps မှာ built-in ပါရှိတဲ့ file reader နဲ့ media players တွေလည်းပါဝင်ကာ သင့်ရဲ့ iPad ဗီဒီယိုဖိုင်တွေသို့မဟုတ် သင့် ကွန်ပျူတာ နဲ့အခြားသော backup လုပ်ထားတဲ့နေရာတွေမှာသိမ်းဆည်းထားတဲ့ ဗီဒီယိုဖိုင်တေကို iTunes ကိုမသုံးဘဲ ဖွင့်နိုင်မှာဖြစ်ပါတယ်။ Free ဗားရှင်းကို www.snipca.com/1229 မှာ ပထမဦးဆုံး စမ်းသုံးကြည့်နိုင်ကာ ကြော်ငြာတွေမပါဝင်တဲ့ ဝယ်ယူသုံးစွဲရတဲ့ ဗားရှင်းက ဝယ်ယူသုံးစွဲဖို့ ထိုက်တန် တယ်လို့ ထင်ပါတယ်။

Download Link:
File Explorer(Price -£ 2.99)
https://itunes.apple.com/gb/app/fileexplorer/id499470113?mt=8

==========================

Nyein Chan (TSJ Tech Team)
Ref :Computer Active Issue 425 မှ

TechSpace Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...