ရေချိုးရင်းရေနစ်သည့် ကျောင်းသူကို ကယ်ဆယ်ရာမှ နှစ်ဦးစလုံး သေဆုံး

pic;neeart.deviantart.com
မန္တလေးတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ် (ရမည်း သင်း) မှ ကျောင်းသားများ သစ်ဆုံဆည်သို့ အလည်သွားရောက်ရာမှ ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦး ရေနစ်သေဆုံး ခဲ့ကြောင်း သတင်း ရရှိသည်။
ရမည်းသင်းမြို့ အနောက် မြောက်ဘက် ကိုးမိုင်ခန့်အကွာရှိ သစ်ဆုံဆည်သို့ နည်းပညာတက္ကသိုလ် ကျောင်းသားများ ဇူလိုင် ၁ ရက်တွင် သွားရောက်လည်ပတ် စဉ် ရေချိုးနေသော ကျောင်းသူတစ်ဦး ရေနစ် သဖြင့် ကျောင်းသားတစ်ဦးက လိုက်လံကယ်ဆယ်ရာမှ နှစ်ဦးလုံး သေဆုံးခဲ့ခြင်းဖြစ်သည်။
‘‘B.E (EC) နောက်ဆုံးနှစ် ကျောင်းသားတွေပါ။ အသက် (၂၂) လောက်စီပဲ ရှိဦးမယ်။ တစ် ခန်းတည်းနေ သူငယ်ချင်းတွေပါ ပဲ။ ကျောင်းသူက ရေချိုးနေတာ ရေညှိတွေကြောင့် ရေနုတ်မြောင်း ဘက်ရောက်သွား တာ။ အဲဒါကို ကျောင်းသားက လိုက်ဆယ်တာ။ နှစ်ယောက်လုံး ရင်ခွဲရုံရောက်နေ ပြီ။ ရွာသားတွေက ကူညီပေးပါ တယ်’’ ဟု နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ရမည်း သင်း)မှ ကျောင်းသား တစ်ဦးက ပြောသည်။
နည်းပညာတက္ကသိုလ်နှင့် အနည်းငယ်လှမ်းသော သစ်ဆုံဆည်သို့ ကျောင်းသားများ သွား ရောက်လေ့ လာတတ်ကြပြီး ယခုကဲ့သို့ ရေနစ်သေဆုံးသော ဖြစ်စဉ်မျိုးယခင်က မကြားဖူးကြောင်း အထက်ပါ ကျောင်း သားက ပြောကြားသည်။
ရေနစ် သေဆုံးခဲ့သော ကျောင်းသူသည် ပျော်ဘွယ်မြို့မှ ဖြစ်ပြီး ကျောင်းသားသည် ပျဉ်းမနားမြို့မှဖြစ်ကာ အဆောင်နေ ကျောင်းသားများဖြစ်ကြောင်း သိရသည်။
7Day News Journal
No.427 Wednesday, July 2, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) Microsoft ၏ စမတ်နာရီတွင် Sensor (၁၁) ခုပါရှိမည် Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း
- (အနောကျသို့) ကွင်းအတွင်း ကစားသမားထိုးတာ ခံခဲ့ရပြီးနောက် နှစ်ရက်အကြာမှာ ဒိုင်လူကြီး သေဆုံး Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း