Microsoft ၏ စမတ်နာရီတွင် Sensor (၁၁) ခုပါရှိမည်



Microsoft က စမတ်နာရီကို အောက်တိုဘာလတွင် ရောင်းချမည်ဟု သတင်းအရင်းအမြစ် တစ်ခုက ဖော်ပြထားပါသည်။ စမတ်နာရီတွင် ၀တ်ဆင်သူ၏ နှလုံးခုန်နှုန်းကို တိုင်းတာရန် Sensor (၁၁) ခုပါရှိ မည်ဟု Tom’s Hardware ၏ သတင်းအရင်းအမြစ်များမှ သိရှိရပါသည်။ ထို့အပြင် စမတ်နာရီတွင် Texas Instruments နှင့် Atmel တို့မှ Chips များကို အသုံးပြုထားမည်ဖြစ်သည်။

ယခင် ထွက်ရှိခဲ့သော သတင်းများအရ စမတ်နာရီသည် Windows, iOS, Android စသည့် မတူညီသော Operating System များမောင်းနှင်သည့် Device အားလုံးတွင် အသုံးပြုနိုင်မည်ဟု သိရပါသည်။ စမတ် နာရီသည် Nike Fuelband ကဲ့သို့ ပါးလွှာသည့် ဒီဇိုင်းဖြစ်ပါသည်။ 

စမတ်နာရီ၏ မျက်နှာပြင်သည် ၀တ်ဆင်သူ၏ လက်ကောက်ဝတ် အတွင်းဘက်တွင် တည်ရှိမည်ဖြစ် သည်။ ထို့အတွက် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို အခြားသူများ မမြင်တွေ့စေရန် ကာကွယ်နိုင်မည်ဖြစ်သည်။

Microsoft က စမတ်နာရီနှင့် ပတ်သက်၍ အတည်ပြုကြေညာခြင်း မရှိသေးသော်လည်း အောက်တိုဘာ လတွင် ကြေညာမည်ဟု သတင်းထွက်ပေါ်နေသဖြင့် Microsoft ၏ စမတ်နာရီကို မကြာမီ မြင်တွေ့ ရတော့မည်ဖြစ်သည်။ Apple ကလည်း iWatch စမတ်နာရီကို အောက်တိုဘာလတွင် ကြေညာမည်ဟု သတင်းထွက်ပေါ်လျှက်ရှိသည်။


Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...