ကြက်ကြော်သုတ်


Chicken Sweet and Sour Fried Mexican

ပါဝင်ပစ္စည်းများ

ကြက်ရင်အုံသား - ၂၀၀ ဂရမ်
ကြက်ကြော်အုပ်ဂျုံမှုန့် - အနည်းငယ်
ဆလတ်ရွက်အရောအနှော - ပန်းကန်လုံး ၁ လုံးစာ
သခွားသီးအကွင်း - အနည်းငယ်
ခရမ်းချဉ်သီးအကွင်း - အနည်းငယ်
ချယ်ရီခရမ်းချဉ် - အနည်းငယ်
Mayonnaise - အနည်းငယ်
ပေါင်မုန့်မီးကင် - အနည်းငယ်
(စိမ်ရည်အတွက်)
ကြက်သွန်မြိတ် - ၁ ခက် (ပါးပါးလှီး)
ချင်း - ၂ ပြား
နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဟင်းချက်ဝိုင် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း ၂ ဇွန်း
သစ်ကြံပိုးခေါက်အမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ချက်ပြုတ်နည်း

မှတ်ချက်။ ။အသီးအရွက်များသည် အသုပ်ထဲတွင် နယ်လိုက်သောအခါ နွမ်း၍ အချိန်ကြာလျှင် အနံ့ထွက် တတ်သည်ကို သတိပြူပါ။ ၎င်းတို့ကို ဆေးကြောပြီးလျှင် ရေစစ်ထားရန်မမေ့ပါနှင့်။

၁။ ကြက်သားကို ရေဆေး၊ အခြောက်ခံပြီး အမြောင်းကလေးများ ဖြစ်အောင်ကိုက်ဖြတ်ပါ။ စိမ်ရေတွင် စိမ်၍ သမအောင်မွှေပြီး ရေခဲသေတ္တာထဲတွင် နာရီဝက်ခန့် သိမ်းထားပါ။

၂။ စိမ်ရေလူးထားသော ကြက်သားများပေါ်တွင် ကြက်ကြော်အုပ်ဂျုံမှုန့်ဖြူးပေးပါ။

၃။ အိုးတစ်လုံးတွင် ဆီတစ်ဝက်ခန့်ထည့်ပြီး အပူပေးပါ။ မီးအေးအေးဖြင့် ၃ မိနစ်ခန့် ကြက်သားများကို ကြော်ပါ။ မီးအသင့်အတင့်သို့မြင့်ပြီး ဆက်၍ကြော်ပါဦး။ ပြီးလျှင် ဆယ်၍ဆီစစ်ထားပါ။

၎။ သုံးဆောင်ရန်မှာ ရေဆေးထားသော ဟင်းသီးဟင်းရွက်များကို ပန်းကန်ပြားပေါ်တွင်ထည့်ပြီး ကြက်သားများကို အပေါ်မှတင်ပါ။ Mayonnaiseကို အပေါ်မှလောင်းချပါ။ ပေါင်မုန်ံမီးကင် (သို့) ပေါင်မုန့်ကြော်ကို အပေါ်မှနှံ့အောင်ဖြူးပါ။


ref;http://www.shweo.net/recipe/index/view/id/2801
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...