တုန်ယမ်းဟင်းချို သောက်မယ်
Seafood Tom Yam Clear soup
ချိုချဉ်စပ်နဲ့ သောက်ကောင်းတဲ့ ဟင်းချိုတမျိုးပါပဲ။ အိမ်ရှင်ထီးကတော့ လွယ်လွယ်ပဲ ချက်ပါတယ်။ စားခါနီးမှ နာရီဝက်လောက် အချိန်ယူပြီး ချက်ပါတယ်။ အခုချက်တာကတော့ ပင်လယ်စာ တုန်ယမ်းပါ။
ပုဇွန်တွေကို အခွံမခွါပဲ အကောင်လိုက် ပြုတ်ပါတယ်။ ပုဇွန်အနံ့ကို ယူချင်တာရယ်။
ပုဇွန်တွေကို အရမ်းမမာသွားစေဖို့ ၅မိနစ်လောက် ပြုတ်ပြီးပြန်ဆယ် ထားပါတယ်။
ပြီးတော့ ပြည်ကြီးငါးကို အနေတော်လှီးပြီး ထည့်ပြုတ်ပါတယ်။ ၂ မိနစ်လောက်ဆိုရင် ရပါပြီ။ ပြန်ဆယ်ထားပါ။
ပုဇွန်ပြုတ်ဟင်းရည်အိုးကို ဆက်သာ တည်ထားပါ။
ပြီးတော့ ပြည်ကြီးငါးကို အနေတော်လှီးပြီး ထည့်ပြုတ်ပါတယ်။ ၂ မိနစ်လောက်ဆိုရင် ရပါပြီ။ ပြန်ဆယ်ထားပါ။
ပုဇွန်ပြုတ်ဟင်းရည်အိုးကို ဆက်သာ တည်ထားပါ။
သံပုရာရည် (lime or lemon) အရေများများ ညှစ်ထားပါ။
ငရုတ်သီးစိမ်း (အနီတောင့်)ကို မညက်တညက်ထောင်းထားပါ။
ငုံးဥပြုတ်ပြီး အခွံနွှာထားပါ။
ပဒဲကော
စပါးလင်
ကြက်သွန်နီလေးစိတ်ကွဲ
သကြားများများ
ငါးငံပြာရည်
မှို(မရှိလို့  မထည့်မိပါ)
ရှောက်ရွက်စတာတွေကို ထည့်ပါတယ်။
ရှောက်ရွက်နဲ့စပါးလင်အနံ့မွှေးလာရင်
သံပုရာရည် (lime or lemon) အရေများများ ညှစ်ထားကို ပုဇွန်ပြုတ်ဟင်းရည်အိုးထဲ လောင်းထည့်ပါ။
မညက်တညက်ထောင်းထားတဲ့ ငရုတ်သီးကို ထည့်ပါ။
ခုဏက ထုတ်ထားတဲ့ ပုဇွန်၊ ပြည်ကြီးငါး၊ ငုံးဥ စတာတွေကို ပန်ကန်တလုံးထဲထည့် အပေါ်က ဟင်းရည်ထည့်.................
အပေါ့အငန် အချဉ်အစပ်ကို လိုသလို အလျှော့အတင်း လုပ်ပြီး စားပါလေ..........
လွယ်ကူပြီး အကုန်အကျလည်း သိပ်မများလှပါဘူး။
နှစ်သက်ကြမှာပါ။
ref;အိမ်ရှင်ထီး၏ မီးဖိုချောင် - Hubby Kitchen
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook