ဂရိမှာ ကိုဖိုးစွံကြီးဖြစ်နေတဲ့ ဂျာမနီဂိုးသမား နူအာ

ဂျာမနီအသင်းနဲ့ အတူ သမိုင်းဝင် အောင်မြင်မှုကြီး ရယူနိုင်ခဲ့ တဲ့နောက် စိတ်လွတ် ကိုယ်လွတ် အပန်းဖြေ နေတဲ့ ဂိုးသမား နူအာ တစ်ယောက် ဂရိမှာ ကိုဖိုးစွံကြီး ဖြစ်နေပြီး သူ့ရဲ့နောက်ထပ် အောင်မြင်မှုကို Instagram ပေါ်ကနေ ထုတ်ဖော်ပြသ လိုက်ပါတယ်။

အမှန်မှာတော့ နူအာဟာ သူ့ရဲ့ မိန်းကလေးချစ်သူ ကက်သရင်း ဂီလက်ခ်ျနဲ့ ဂရိနိုင်ငံ၊ မိုင်ကိုနော့စ် ကျွန်းမှာ အပန်းဖြေ ခရီးရောက်ရှိ နေတာပါ။ ဒါ ပေမဲ့ သူ့ရဲ့ Instagram စာမျက်နှာပေါ်မှာ တင်ထားတဲ့ ပုံကြောင့် သူ့ကို တခြားလူတွေ အားလုံးက အားကျ မနာလိုစရာ ဖြစ်ခဲ့ရပါတယ်။ အသက် ၂၈ နှစ်အရွယ် နူအာဟာ လှပချောမောတဲ့ မိန်းကလေး တစ်သိုက်နဲ့ ပျော်ရွှင်မြူးထူး နေတဲ့ ပုံပေါက်နေတဲ့ ဓာတ်ပုံကို လူမှုကွန်ယက်မှာ “ဘိုင်ယန် နဲ့ ရာသီသစ် မစတင်ခင်မှာ ကျွန်တော့်ရဲ့ အပန်းဖြေ အားလပ်ရက် ခရီးကို ပျော်ရွှင်ခြင်း” ဆိုတဲ့ စာသားနဲ့ အတူတူတွဲတင် ခဲ့တာဖြစ် ပါတယ်။

ref;Mizzima News
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...