လက်ထပ်ခွင့်ကို ငြင်းဆန်သဖြင့် မိန်းကလေးကို သတ်ပြီး ကိုယ်တိုင်လည်း သတ်သေ

ပြည်၊ မဇ္ဈိမ။ ။ ပြည်၊ ရွှေတောင်မြို့မှ ယောက်ျား လေး တစ်ဦးသည် မိန်းကလေး တစ်ဦး ထံမှ လက်ထပ်ခွင့် တောင်းခံခဲ့ရာမှ မိန်းကလေးကို သတ်ပြီး ယင်းကိုယ်တိုင်လည်း အဆုံးစီရင်ခဲ့မှု တစ်ခု ဇူလိုင် ၂၆ ရက်က ဖြစ်ပွားခဲ့ သည်ဟု မိန်းကလေး၏ အစ်မဖြစ်သူက ပြောသည်။

နံနက်(၉)နာရီ အချိန်က မကွေးတိုင်း ချောက်မြို့ နယ်နေ ယောက်ျားလေး တစ်ဦးသည် ရွှေတောင်မြို့နယ် ဆည်ကြီးကုန်း အုပ်စု ဖိုးခေါင် ကွက်သစ်နေ ၎င်းင်း၏ ချစ်သူထံသို့ လိုက်လာခဲ့ပြီး လက်ထပ်ခွင့် တောင်းခံခဲ့ရာ မိန်းကလေးက ငြင်းဆန်ခဲ့သည်။

ထိုသို့ငြင်းဆန်သဖြင့် အဆိုပါ အမျိုးသားက အသင့်ပါလာသော အရိုးအသွား (၇)လက်မ ခန့်ရှိသည့် ဓါးမြောင်ဖြင့် အမျိုးသမီး၏ဝဲဘက်နံကြား နှင့် ဝဲဘက် ချိုင်းအောက်ကို နှစ်ချက်ထိုးခဲ့ပြီး အဆိုပါဓါးဖြင့် ၄င်းကိုယ်တိုင် တစ်ချက်ထိုးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“အလုပ်လုပ်ရင်းနဲ့တွေ့ပြီး လိုက်လာတာ။ မိန်းကလေးဖက်က မကြိုက်ဘူး။ အဲဒီလူက အသေရရအရှင်ရရ လိုက်ကြိုက်နေတာ။ အငယ်မကို အရင်ထိုးတယ်။ ပြီးတော့ သူ့ဗိုက်ကိုလည်းသူထိုးတယ်” ဟု မျက်မြင်တွေ့ ရှိသူတစ်ဦးဖြစ်သည့် သေဆုံးသူ၏ အစ်မ မခင်ဆွေမြင့် ကပြောသည်။

အဆိုပါအမျိုးသားသည် ဓါးဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့ရာ နံနက် ၁၁ နာရီ တွင် ရွှေတောင်မြိုနယ် ဘို့ကုန်းကျောင်းအနီး ရေအိုင်ထဲတွင် အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ရွှေတောင်မြို့မ ရဲစခန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“သေတယ်ဆိုတော့တရားစွဲလို့ မရတော့ဘူး။ အမှုတွဲတော့ တည်ဆောက်တယ်။ တရားခံသေဆုံးတဲ့ အတွက်အမှု ပိတ်ရမယ်” ဟုလည်း ရွှေတောင်မြို့မ ရဲစခန်း စာရေးကြီးကပြောသည်။

ရွှေတောင်မြို့မရဲစခန်းတွင် သေဆုံးသူကို ဓါးဖြင့်ထိုးသူကို (ပ) ၁၉၆/ ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားပြီး ကိုမဲလုံး(ခ)ကြည်လွင် သေဆုံးသွားသည့်အတွက် သေမှုသေခင်း အမှတ်စဉ် ၁ဝ/၂ဝ၁၄ ဖွင့်လှစ် ထားသည်။ 


ref;Mizzima news
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...