မှို ငါးပေါင်းထုပ် ပူပူမွှေးမွှေး (၅) ထုပ်

ငါးခူ (သို့) ကြိုက်နှစ်သက်ရာ ငါးအမျိုးမျိုးကို အသုံးပြုနိုင် ပါတယ်။
***... မှို ငါးပေါင်းထုပ် ပူပူမွှေးမွှေး အတွက် လိုအပ်တာလေးတွေ…
1. အခွံမာများ ခွါပစ်ကာ ပါးပါး လှီးထားသော ၃ လက်မ အရှည်ခန့် စပါးလင် – ၆ ခု
2. လှီးထားသော ဂေါက်သီးအရွယ် ကြက်သွန်နီ – ၁ လုံး
3. စိမ်းစားငါးပိ – ထမင်းစားဇွန်း တစ်ဝက်
4. လှီးထားသော ရှောက်ရွက် – ၆ ရွက်
5. ငရုတ်သီးစိမ်း အတောင့်သေး – ၅ တောင့် (သို့) စားနိုင်သလောက် (အနီရောင်အတောင့်ကိုသုံးရင် ပိုလှပါတယ်။)
6. အသားလွှာထားသော ကကတစ် (barramundi fillets) – 276 g (၁၈ ကျပ်သားခန့်) (လက် ၂ လုံးအပြားခန့် ၁၀ တုံး လှီးထားပါ။)
7. မှို (Shimeji Mushroom) – 100 g (ရေဆေးက အနည်းငယ်ဖဲ့ရွဲ့ပြီး ရေစစ်ထားပါ။)
8. စမုံစပါးရွက် (fennel) – လက်တစ်ဆုပ်ခန့် (dill လား funnel လားဆိုတာကတော့ အရမ်းတူလို့ ကျွန်မ မခွဲတတ်ပါဘူး၊ ဘာမဆို သုံးလို့ရပါတယ်။)
9. လက်တစ်ဆစ်အရွယ်ခန့် လှီးထားသော လက်ညှိုးအရွယ် ငရုတ်သီးအတောင့်ကြီး – ၂ တောင့် (ငါးပေါင်းထုပ်က စားလို့ကောင်းပေမယ့် ရုပ်ဆိုးလို့ အရောင်လေးလှအောင် ထည့်တာပါ။)
10. ဆန်အစိမ်းမှုန့် – ထမင်းစားဇွန်း ၃ ဇွန်း (ထိုင်းကလာတဲ့ ready made ကိုသုံးထားတာပါ။)
11. ကောက်ညင်း အစိမ်းမှုန့် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ (ထိုင်းကလာတဲ့ ready made ကိုသုံးထား တာပါ။)
12. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
13. ဆီ – ထမင်းစားဇွန်း ၁ ဇွန်း
14. Chicken powder – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
စပါးလင်၊ ကြက်သွန်နီ၊ စိမ်းစားငါးပိ၊ ရှောက်ရွက် နှင့် ငရုတ်သီးစိမ်း အတောင့်သေး – ၅ တောင့်တို့ကို ကြိတ်စက်ထဲထည့်ပြီး အတော်လေးညက်အောင် ကြိတ်ပါ (သို့) ငရုတ်ဆုံထဲ ထည့်ထောင်းပါ။
ကြိတ်ထားသော အနှစ် နှင့် ကျန်ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်လုံးထဲ ထည့်ပြီး ဖွဖွလေးရောနယ်ပေး ပါ။
ပုံပါအတိုင်းထပ်ထားသော aluminium foil (11″x11″) နှင့် ငှက်ပျောရွက် (6″x8″) ပေါ်ကို ငါး ၂ တုံး နှင့် အနှစ်အနည်းငယ်ကို တင်ကာ
အောက်ပုံပါ အတိုင်း (သို့) မိမိအဆင်ပြေသလို လုံခြုံအောင်ထုတ်ပေးပါ။ (aluminium foil ကို မသုံးလျှင် ငှက်ပျောရွက် ၂ ရွက်သုံးပေးပါ။)
၅ ထုပ်လုံး ထုပ်ပြီးလျှင် ပေါင်းမည့်အိုးထဲ ထည့်ကာ ပွက်ပွက်ဆူနေသော ရေနွေးအိုးပေါ်တင်ပြီး အိုးအဖုံး ဖုံး၍ medium high heat ဖြင့် ၄၅ မိနစ်ခန့် ပေါင်းပေးပါ။
၄၅ မိနစ်ခန့်ပေါင်းပြီးနောက် အရမ်းကို အရသာရှိလှသော မှို ငါးပေါင်းထုပ် ပူပူမွှေးမွှေးလေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook