ကိုကင်း သုံးစွဲထားမှုကို လွယ်ကူ လျှင်မြန်စွာ စစ်ဆေးနိုင်မယ့် အိတ်ဆောင် ကိရိယာ

ကျောပိုးအိတ် အရွယ်အစားရှိပြီး ပေါ့ပါးစွာ သယ်ဆောင် အသုံးပြုနိုင် မယ့် ကိရိယာ တစ်မျိုးဟာ ဆီးနမူနာကို အသုံးပြုပြီး ကိုကင်းနဲ့ အခြား မူးယစ် ဆေးတွေ သုံးထားသလား ဆိုတာကို အချိန် ၁၅ မိနစ်အတွင်း ဖော်ထုတ်ပေး နိုင်မယ်လို့ ဆေးပညာ သတင်းများမှာ ဖော်ပြထား ပါတယ်။

ယခုလတ်တလော အသုံးပြုနေတဲ့ နည်းလမ်းများအရ ပထမအဆင့် အနေနဲ့ မျက်မြင်အခြေအနေမှာ သုံးသပ်ပြီး စစ်ဆေးရပါတယ်။ အဲဒီ နောက်မှာတော့ ဓာတ်ခွဲခန်းကို သွေး၊ ဆီးနမူနာတွေပို့ပြီး ရက်ပိုင်း ကနေ ရက်သတ္တပတ်ပိုင်းအထိ ကြာအောင် စစ်ဆေးရပါတယ်။ ဒီနည်းလမ်းတွေ ဟာ အချိန်နဲ့ ငွေကုန်ကြေး ကျများပြီး စစ်ဆေးမှုနမူနာတွေကို သယ်ဆောင် တဲ့အခါမှာလည်း ပျက်စီးဆုံးရှုံး နိုင်မှု တွေရှိတာကြောင့် အခုလို အိတ်ဆောင် ကိရိယာကို တီထွင်ရခြင်းဖြစ်ကြောင်း သုတေသနမှာ ဖော်ပြထားပါတယ်။

ဒီအိတ်ဆောင် ကိရိယာဟာ ဆီး မူနာကို ရယူလည်ပတ်ခြင်း(sample processing ) လုပ်ငန်းစဉ် နောက်မှာ အရည်ရောင်စဉ်ဖြာနည်းပညာ (liquid chromatog raphy ) နဲ့ mass spectrometry နည်းလမ်းတွေနဲ့ ကိုကင်းနဲ့ အခြားမူးယစ်ဆေးတွေ သုံးစွဲထားမှု ရှိ/မရှိ ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။
သုတေသနမှာ ဖော်ပြထားချက်အရ ကိုကင်း၊ ကိုကင်းကနေ ထွက်တဲ့ ဆေးဝါးတစ်မျိုးဖြစ်တဲ့ ဘင်ဇွိုင်း လီဂိုနင်းနဲ့ကိုဒင်းတွေ ပါဝင်မှုကို ဆီးနမူနာကနေတစ်ဆင့် ၁၅မိနစ်အတွင်း ဖော် ထုတ်ပေးနိုင်ကြောင်း သိရှိရပါတယ်။

ဒီလေ့လာမှုကို ACS’journal analytical Chemistry ဖော်ပြ ထားပါတယ်။ 


သန့်စင်
ref;PTI
Health Updates Journal Vol(2),126
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...