HIV ဗိုင်းရပ်ပိုး ကူးစက်မှုနှုန်းကို မြင့်တက်စေတဲ့ ရေယုန်ဗိုင်းရပ်

လေ့လာမှု တစ်ခုအရ ရေယုန်ဗိုင်းရပ် (့herpes) ဟာHIV ရဲ့ ကူးစက်ပျံ့ နှံ့နှုန်းနဲ့ လူရဲ့ လက်ခံနိုင် စွမ်းကို မြင့်တက် စေကြောင်း သိရှိရပါတယ်။

ဒီဗိုင်းရပ် နှစ်မျိုးလုံး ဟာလည်း သွေးမှတစ်ဆင့် ကူးစက် တတ်တဲ့ ဗိုင်းရပ်ဖြစ်သလို လိင်မှ တစ်ဆင့် လည်း ကူးစက် တတ်ပါတယ်။ 

သုတေသနမှာ တော့ လိင်တူဆက်ဆံ သူတွေနဲ့ မူးယစ် ဆေး ထိုးသွင်း သူတွေကို လေ့လာခဲ့ပါ တယ်။ ““ လိင်တူ ဆက်ဆံမှုဟာHIV ပိုးကူးစက်စေတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ လိင်တူဆက်ဆံ သူတွေမှာ ရေယုန်ဗိုင်းရပ် တစ်မျိုးဖြစ်တဲ့ HSV-2 ရှိနေပြီဆိုရင်တော့ HIV ကူးစက်နိုင်စွမ်း ၃ ဆ တက်လာနိုင်ပါ တယ်””လို့ အမေရိကန်နိုင်ငံ Mt Sinai Beth ဆေးရုံမှ ပါမောက္ခ Dr.Don Des Jarlais က ပြောကြားခဲ့ ပါတယ်။

အမေရိကန်နိုင်ငံသား လိင်တူ ဆက်ဆံသူ အမျိုးသားတွေဟာ ရေ ယုန်ဗိုင်းရပ် ကူးစက်မှုကို သူတို့ရဲ့ ဆက်ဆံဖော် မူးယစ်ဆေးသုံးတဲ့ အမျိုးသားတွေဆီက အဓိကရရှိနေ ကြောင်းလည်းDr.Jarlaisက ပြော ကြားထားပါတယ်။

ယခုလေ့လာမှုကို Journal PLOS ONE မှာ ဖော်ပြထားပါတယ်။

ငြိမ်းအေး
ref;IANS
Health Updates Journal Vol(2),126
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...