ရက် ၃၀ လုံးလုံး ခွေးစာ၊ ကြောင်စာတွေသာ စားသုံးဖို့ အဓိဌာန်ပြုထားသူ ၀ါရှင်တန်မှ အမျိုးသမီး
![]() |
BB on 2014-07-10 11:06 |
ဝါရှင်တန်မြို့တွင် Paws Natural Pet Emporium အရောင်းဆိုင် ဖွင့်ထားသူ ယင်းအမျိုးသမီးဟာ ဇွန်လ ၁၉ရက်နေ့ မှစတင်ပြီး အဲ့ဒီတိရိစ္ဆာန် အစားအစာတွေကို စတင်စားသုံးခဲ့တာဖြစ်ပြီး ဒီလို စားသုံးဖို့ စိတ်အား ထက်သန်လျှက် ရှိနေဆဲလို့  ဆိုပါတယ်။ အိမ်မွေး တိရိစ္ဆာန်တွေအတွက် သူမရောင်းချနေတဲ့ အစားအစာတွေဟာ ဂရုတစိုက် ရွေးချယ်ထားတာ ဖြစ်တဲ့အတွက် အာဟာရတန်ဖိုး အများဆုံးပါဝင်ရုံ သာမက တိရိစ္ဆာန်တွေမှ ချေဖျက်ထုတ်ယူတဲ့ ဘေးထွက်ပစ္စည်းတွေနဲ့ တာရှည်ခံဓာတုဆေးဝါးတွေကနေ ကင်းလွတ်တယ်လို့  လည်း သူမကဆိုပါတယ်။ “ခွေးစာနဲ့ ကြောင်စာတွေဟာ မှန်မှန်ကန်ကန် နညးစနစ်ကျကျ ပြုလုပ်ထားတဲ့အခါမှာ ဘယ်လောက်အရသာ ရှိလိုက်သလဲဆိုတာကို ရှင်တို့ တအံ့တသြ ဖြစ်သွားကြမှာပါ။” လို့  Dotothy က ၀ါရှင်တန်အခြေစိုက် Tri-City Herald နေ့ စဉ်သတင်းစာကို ပြောပြပါတယ်။
“ လူတွေက ဒါကို ရူးသွပ်မိုက်မဲတယ်လို့ ထင်နေကြတာ ကျွန်မသိပါတယ်။ ဒါပေမယ့် လူစားတဲ့အစာပဲ ဖြစ်ဖြစ်၊ တိရိစ္ဆာန် အစာပဲဖြစ်ဖြစ် အညွှန်းကိုသေချာဖတ်ပြီး ရှင်တို့ စားတဲ့အစားထဲမှာ ပါတာတွေကို မြင်အောင်ကြည့်ဖို့ က အရမ်းအရေးကြီးတယ် ဆိုတာကို ကျွန်မ အလေးပေးပြောချင်ပါတယ်” လို့ သူမက ဆိုပါတယ်။
အချို့သော လတ်တလော သတင်းစာခေါင်းကြီးပိုင်း သတင်းများအရ ကျွန်တော်တို့ နေစဉ် စားနေတဲ့ အသားတွေထဲမှာ မြင်းသားတွေကို ထည့်ထားတာကို တွေ့ ရှိရတယ်ဆိုတဲ့ သတင်းတွေလည်းရှိတဲ့ အတွက် သင်တို့ စားနေတဲ့အစာတွေကို သင်တို့ အသေအချာသိသင့်ကြောင်း သူမအဓိက ပြောပြသွား ချင်တာဟာ အမှန်အကန်ပဲဖြစ်ပါတယ်။
Ref:shockingtimes.co.uk
Trend Myanmar
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)