အမေရိကန်အမျိုးသား လုံခြုံရေး အဖွဲ့အစည်းများကို တရုတ်ဟက်ကာ အုပ်စုတိုက်ခိုက်ခဲ့
အတွဲ (၁၅)၊ အမှတ် (၂၇) |
CrowdStrike အဖွဲ့က အမျိုးသားလုံခြုံရေး အဖွဲ့အစည်းများ၏ ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ ဥပဒေရေးဆိုင်ရာနှင့် အစိုးရ လုပ်ငန်းပိုင်း ဆိုင်ရာများတွင် တရုတ်အဖွဲ့အစည်းတစ်ခု၏ တိုက်ခိုက်မှုကို ခံနေရကြောင်း ပြောကြားခဲ့သည်။ အဆိုပါ တရုတ်အဖွဲ့အစည်းသည် တရုတ်နိုင်ငံရှိ အဆင့်မြင့်ဆိုက်ဘာ တိုက်ခိုက်မှု အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ပြီး ၎င်းတို့သည် ဆိုက်ဘာ တိုက်ခိုက်မှုကို ပြုလုပ်လာခဲ့သည်မှာ သုံးနှစ်ခန့် ရှိပြီဖြစ်သည်။
Deep Panda အဖွဲ့မှပြုလုပ်ခဲ့သည တိုက်ခိုက်မှုများသည် အီရတ်နှင့်အရှေ့ အလယ်ပိုင်း အရေးအခင်း များအတွင်း အစိုးရ ဆိုင်ရာပေါ်လစီနှင့် လုံခြုံရေးများဖြင့် ဆက်နွယ်နေပြီး အရှေ့တောင်အာရှရှိ အချက် အလက်များကိုလည်း ရွှေ့ပြောင်းမှုပြုလုပ်ခဲ့သည်။ လုံခြုံရေးသုတေသီများအနေဖြင့် တိုက်ခိုက်ခံရသည့် လုံခြုံရေးအဖွဲ့အစည်း အမည်နှင့် အချက်အလက်များက ပြောကြားခဲ့ခြင်း မရှိသော်လည်း အီးမေးလ် account, လမ်းညွှန်မှုများနှင့် ဖိုင်များအထိအခိုက် ရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။
-စိုးထက်
Ref : CNET
Internet Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)