ကမ္ဘာ့ပထမဆုံး ရာသီဥတု ထိန်းချုပ်နိုင်သော မြို့တော်ကို ဒူဘိုင်းတွင် ဖန်တီးမည်
ဒူဘိုင်း အာဏာပိုင်များသည် သဘာဝ ပတ်ဝန်းကျင်၌ လူသားများ၏ အကျိုး သက်ရောက်မှု လျော့ပါးစေရန် ရည်ရွယ်၍ ရာသီဥတုကို ထိန်းချုပ် နိုင်သော မြို့တော်ကို ဖန်တီးရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါမြို့တော်၏ အရွယ်အစားမှာ စတုရန်းပေ ၄၈ သန်းရှိပြီး Mall of the World ဟု ခေါ်ဆိုကြောင်း သိရ သည်။ ၎င်းမြို့တော်နယ်နမိတ်သည် တိုးချဲ့ထားသော အချိန် အတိုင်းအတာအတွင်း ပြင်ပအခြေအနေ အားလုံးကို ရှောင်လွှဲရန် လူနေအိမ်များ ဆောက်လုပ်ခွင့် ပြုသောမြို့ အရွယ်အစားခန့် ရှိမည့် ဧရိယာတစ်ခု ဖြစ်လာမည်ဖြစ်သည်။ အဆိုပါ စီမံကိန်းကို Dubai Holding ကုမ္ပဏီက အဓိက လုပ်ကိုင်သွား မည်ဖြစ်ပြီး မြို့တော်၏ ပတ်ပတ်လည် လျှောက်လမ်း ၄.၅ မိုင်ကို အသုံးပြုကာ အဆောက်အဦများကို ဆက်သွယ်သွားမည်ဖြစ်သည်။ ထိုမြို့တော် သို့ လာရောက်လည်ပတ် သူများအနေဖြင့် ထိန်းချုပ်မှုပြုထားသော ပတ်ဝန်းကျင်အတွင်း သာမန်မြို့တော် အတွေ့အကြုံများကို ခံစားနိုင်မည်ဖြစ်သည်။
သို့သော်၎င်းစိတ်ကူးသည် အလွန်ခက်ခဲသည့် ကိစ္စဖြစ်ဖွယ်ရှိပြီး ဒူဘိုင်းတွင် နွေရာသီအပြင်းဆုံး ပျှမ်းမျှ အပူချိန်မှာ ၁၀၄ ဒီဂရီရှိသောကြောင့် အပူချိန် ထိန်းချုပ်ထားသော နေရာသည် ဒေသတွင်းရှိရေပန်း အစားဆုံး နေရာဖြစ်လာနိုင်သည်။
-စိုးထက်
Ref: Mashable
Internet Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)