ကိုယ်ခန္ဓာတွင် အပိုအဖြစ် တပ်ဆင် အသုံးပြုနိုင်ပြီ ဖြစ်သည့် စက်ရုပ်လက်

သင့်အနေဖြင့် Spiderman ရုပ်ရှင်ကားများကို ကြည့်ဖူးသူဖြစ်လျှင် ၄င်း၏ ဇာတ်လမ်းများထဲမှာ လက်တံ များအပိုပါသော Dr. Octopus ကို မြင်ယောင်မိမည် ဖြစ်မည်ထင်ပါသည်။ ၄င်းဇာတ်လမ်းထဲတွင် ဒေါက်တာ အနေဖြင့် လက်တံအပိုများ နောက်ကျောတွင် တပ်ဆင်၍ ကျွန်ုပ်တို့၏ အဓိကဇာတ်ကောင် ပင့်ကူလူသားကို တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပုံများကိုလည်း သိရှိပြီးဖြစ်ပါမည်။
ထို့ကြောင့် မက်ဆာချူးဆက်ရှိ သုတေသနသမားများအနေဖြင့် ၄င်းဇာတ်လမ်းကိုအခြေခံကာ မိမိတို့၏ အလုပ်များကို အခြားသူ အကူအညီ ယူစရာ သိပ်မလိုဘဲ ပိုမိုလုပ်ဆောင်လာနိုင်စေရန် ကိုယ်ခန္ဓာတွင် လက်အပိုများ တပ်ဆင်ခြင်းနိုင်ရန် တီထွင် လုပ်ဆောင်ခဲ့ကြပါသည်။
အဆိုပါ အပိုစက်ရုပ်လက်ပရောဂျက်အား စက်မှုအင်ဂျင်နီယာဌာနမှ Federico Parietti နှင့် Baldin Liorens-Bonilla တို့မှ ပူပေါင်းလုပ်ဆောင်ခဲ့ ကြခြင်းဖြစ်ပါသည်။ ၄င်းတို့အနေဖြင့် စက်ရုပ်လက်အား ခရီးသည် တင်လေယာဉ် တည်ဆောက်ခြင်း ကဏ္ဍများတွင် ကြိမ်ဖန်များစွာ စမ်းသပ်လုပ်ဆောင်ခဲ့ပြီးဖြစ် ပါသည်။ ဥပမာအနေဖြင့် ကြီးမားသော ခေါင်မိုးများအား မယူ၍ ၀က်အူရစ်ရန် လိုအပ်သော အခါများတွင် သာမန်အချိန်၌ လူတစ်ဦးတစ်ယောက်၏ အကူအညီကို ရယူရမည်ဖြစ်သော်လည်း ယခုကဲ့သို့ စက်ရုပ် လက်ကို အသုံးပြုကာ မတင်ထားခြင်းဖြင့် တကယ့် လက်အစစ်အနေဖြင့် ၀က်အူရစ်ခြင်းကို ကောင်းစွာ လုပ်ဆောင်နိုင်ပြီ ဖြစ်ပေသည်။
စက်ရုပ်လက်များကို ခိုင်းစေရန်အတွက် လက်ကောက်ဝတ်တွင် အာရုံခံစနစ်များကို တပ်ဆင်ထားရ မည်ဖြစ်ပြီး ၄င်းစနစ်များက မည်သည့်အရာကို လုပ်ဆောင်စေချင်သည်ကို စက်ရုပ်လက်များကို ညွှန်ပြပေးမည် ဖြစ်ပါသည်။ ယခုကဲ့သို့ တီထွင်နိုင်ခြင်းသည် အခြားသော လုပ်ငန်းဆောင်တာ တစ်ခုဖြစ်သည့် ပေပေါင်းများစွာ အမြင့်တွင် အလုပ်လုပ်ဆောင်နေသော ဆောက်လုပ်ရေး အလုပ်သမားများအတွက်လည်း ၄င်းအပိုစက်ရုပ်လက်ကို တပ်ဆင်၍ အလုပ်လုပ်ဆောင်စေခြင်းဖြင့် အသက်အန္တရာယ်ကိုကောင်းစွာ ကာကွယ်မှုပေးနိုင်မည် ဖြစ်ပါသည်။ သုတေသနသမားများအနေဖြင့် စက်ရုပ်အပိုလက်များအနေဖြင့် အကောင်းဆုံးထောက်ပံ့မှုပေးနိုင်ရန်နှင့် ၄င်းတို့ကို လူ၏ မည်သည့်နေရာတွင် တပ်ဆင်လျှင် အကောင်းဆုံး ဖြစ်မည်နည်းကို များစွာ စမ်းသပ်လေ့လာခဲ့ကြပြီး ယခုပရောဂျက်အား Boeing မှ ထောက်ပံ့မှုပေးထားကြောင်း သိရှိရပါသည်။
Ref:GM
WorldWide(BMSTU)
ref; TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook