ဗီလိန်ဇာတ်ရုပ် နဲ့ အောင်မြင်တဲ့ နန်းခင်ဇေယျာ
![]() |
| ခိုင်ဇာသွင် |
ပထမဆုံး ရိုက်တဲ့ဇာတ်ကားမှာ နန်းခင်အတွက် စိန်ခေါ်မှုတွေ အများကြီးကြုံ ရပါတယ်။ ဗီလိန် ဇာတ်ရုပ် ဖြစ်တော့ အဲဒီဇာတ်ရုပ်က စိန်ခေါ်မှုပါပဲ။ ကိုယ်က မလုပ်နိုင်ခဲ့ဘူးဆိုရင် လူတွေက ကိုယ့်ကိုပြောကြမှာ ဒီဇာတ်လမ်းကို ရိုက်ရတဲ့အခါ တချို့ကလည်း ပြောကြပါတယ်။ ဟာသကို အရင်ရိုက်ပြီးမှ အဲလိုဇာတ်မျိုး ရိုက်ပါလားဆိုပြီး ပြောလာကြတယ်။ နန်းခင်အနေနဲ့ ကလည်း ဗီလိန်ဇာတ်ကို စပြီး သရုပ်ဆောင်ရတဲ့ အတွက် အတွေ့အကြုံလည်း အများကြီး ရပါတယ်။ နန်းခင်ရဲ့ “အက်တိုးပစ် အပျိုစင်”ကားလေးကို ကြည့်ခြင်းအားဖြင့် အခုချိန်မှာ ဖြစ်ပျက်နေတဲ့ ကောင်မလေးတွေရဲ့ ပုံစံတွေကို တွေ့ရမယ်။ ဆရာဝန် တစ်ယောက်ရဲ့ ထိန်းသင့်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို သိရမယ်။ ပရိသတ်ကို မက်ဆေ့ပေးတဲ့ အရာလေးတွေလည်း ပါတယ်။ ပရိသတ် အကြည့် အများဆုံး ကားလေးဖြစ်တဲ့ အတွက် နန်းခင် ပါဝင်ရ တာကိုလည်း ၀မ်းသာပါတယ်။ ဗီလိန် ဇာတ်ရုပ်ကိုစပြီး လုပ်ဖူးပြီဆိုတော့ နောက်ထပ် ဇာတ်ရုပ်ချိန်းဖို့ မချိန်းဖို့ ဆိုတာတော့ မသေချာသေးဘူးပေါ့နော်။ နန်းခင်လည်း အခုမှ စလုပ်နေတာဆိုတော့လေ ချိန်းသင့်ရင်လည်း ချိန်းရမှာ ပေါ့ ဟု နန်းခင်ဇေယျာ က ပြောသည်။ နန်းခင်ဇေယျာသည် လက်ရှိ ရိုက်ကူးနေသည့် ဇာတ်ကားတွင် ရှေ့နေ တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် နေကြောင်း၊ ထိုဇာတ်ရုပ်သည်လည်း ဗီလိန်ဆန်ဆန်မျိုး ဖြစ်ကြောင်း ပြောသည်။
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook
