ရေချိုငါးပုတ်သင်မွှေ
ဒီဟင်းလေး ချက်ဖို့အတွက် ရေချိုငါးပုတ်သင် ၁၅ ကျပ်သား၊ ပုစွန်ကျော့ တစ်ထောင်ဖိုးနဲ့ ချင်း၊ စပါးလင်၊ ငရုတ်သီးစိမ်း လိုပါတယ်။
ရေချိုငါးပုတ်သင်ကို အကြေးခွံနွှာ၊ ဆူးတောင်ခုတ်၊ အတုံးလေးတွေ တုံးပြီး ဆား၊ နနွင်း နယ်ထားပါ။ ပုစွန်ကိုလည်း အခွံနွှာ သေချာကိုင်ပြီး နယ်ထားပါ။ ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင် ထောင်းထားတာကို ဆီအရင် သတ်ပါမယ်။ ဆီကိုတော့ သာမန်ဟင်းတွေထက် ပိုသုံးပေးပါ။ ပြီးရင် ငါးနဲ့ ပုစွန်ထည့်ပါမယ်။ ရေနည်းနည်း ထည့်ပြီးတဲ့နောက် ဆီပြန်ပြီး ကျက်သွားပြီဆိုရင် ခုနငါးအတုံးလေးတွေကို ထည့်ပြီးမွှေ လိုက်ပါ။ မီးအေးအေးနဲ့ မွှေနေတဲ့အချိန်မှာ ငရုတ်သီးစိမ်းလေးတွေလည်း ထည့်အုပ်ပေးပါ။ ရေချိုငါးပုတ် သင်က အရိုးနုတာကြောင့် အရိုးကို စိတ်ပူစရာမလိုဘဲ စားသုံးနိုင်ပါတယ်။
7Day Daily
အတွဲ (၁၃)၊ အမှတ်(၁၉)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook