ဂျပန်နိုင်ငံ၊ နာရီတာ လေဆိပ်အတွင်းက ထူးထူးခြားခြား တည်းခိုနိုင်တဲ့နေရာ

အေသင်အောင်
ဂျပန်နိုင်ငံ မှာရှိတဲ့ နာရီတာ လေဆိပ်ဟာ ထူးထူးခြားခြား တည်းခိုနိုင်တဲ့ နေရာတစ်ခုကို ဖန်တီး ပေးထား တယ်လို့ သိရပါတယ်။ ဒီနေရာကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ စတင် ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ပါတယ်။ မနက် အစောပိုင်း ခရီးစဉ်ကို လိုက်ပါမယ့် ခရီးသည်တွေ အဆင်ပြေ နိုင်ဖို့ တည်းခို နိုင်မယ့်နေရာကို ဖန်တီးပေး ထားခြင်း ဖြစ်ပါတယ်။ ဒီနေရာဟာ နာရီတာ လေဆိပ် ၀င်ပေါက်(၂)ရဲ့ အနားမှာရှိတဲ့ ကားပါကင်မှာ တည်ဆောက်ထားခြင်း ဖြစ်ပါ တယ်။ နာရီတာလေဆိပ်ကို ရောက်ရှိလာတဲ့ ခရီးသည်တွေ လေယာဉ်ခရီးစဉ် စောင့်ဆိုင်းတဲ့ အခါမှာ ကာလကြာရှည် စောင့်ဆိုင်းမှုတွေနဲ့ ကြုံရတတ်ပါတယ်။ ဒီအခြေအနေမျိုးကို ဖြေရှင်းနိုင်ဖို့ သက်သောင့် သက်သာနဲ့ ဈေးသက်သာစွာ တည်းခိုနားနေနိုင်မယ့် နေရာကို စီစဉ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတည်းခိုတဲ့ နေရာကို Capsule Hotel လို့ အမည်ပေးထား ပါတယ်။

ဒီလိုဟိုတယ်မျိုးဟာ ဂျပန်နိုင်ငံမှာ ရှိနေတာကြာ ပြီဖြစ်ပါတယ်။ ဒီဟိုတယ်တွေကို ၁၉၇၉ ကာလမှာ စတင်ဖွင့် လှစ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ မှာ တရုတ်နိုင်ငံမှာလည်း ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ Capsule Hotel ရဲ့ တည်းခိုရာ နေရာအကျယ်အ၀န်းကတော့ လူတစ်ယောက်အိပ်စာပဲရှိပါတယ်။ အလျားအကျယ် တစ်မီတာ၊ အမြင့်တစ်မီတာ၊ အရှည် နှစ်မီတာသာ ရှိပါတယ်။ အဓိကကတော့ ခေတ္တတည်းခိုမယ့် သူတွေ အတွက် စီစဉ်ပေးခြင်းဖြစ်ပါ တယ်။ တစ်ညတာတည်းခိုကတော့ ပေါင်(၂၂)ကျော်သာ ကုန်ကျမှာ ဖြစ်ပါတယ်။ အချိန်ပိုင်း တည်းခိုလို သူတွေအတွ ကလည်း နာရီနဲ့ တွက်ပြီး တည်းခိုခကို ပေးချေနိုင်တယ် လို့ သိရပါတယ်။


ref;The Messenger Media
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...