 |
| အေသင်အောင် |
သက်တမ်းနှစ် (၅၀) နီးပါး ရှိပြီဖြစ်တဲ့ ဖာရာရီကား တစ်စီးဟာ ကမ္ဘာ့ ဈေးအကြီးဆုံး ဖာရာရီကား အဖြစ် မှတ်တမ်း ၀င်သွားဖို့ ရှိပါ တယ်။ ဒီကား အမျိုးအစားကို သုံးစီးသာ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်ပတ်ဝန်းကျင် မှာတော့ ဒီကားတစ်စီးရဲ့တန်ဖိုးဟာ ပေါင် တစ်သန်း ၀န်းကျင်ခန့်သာ ရှိခဲ့တာပါ။ လက်ရှိ အချိန်မှာတော့ ဒီကားရဲ့ တန်ဖိုးဟာ ပေါင်သန်း (၂၀) ရှိ လိမ့်မယ်လို့ ခန့်မှန်းထား ပါတယ်။ ဒီကားကို ၁၉၆၅ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကားဟာ တစ်နာရီကို ကီလိုမီတာ (၁၇၀) အထိ မောင်းနှင်နိုင်စွမ်း ရှိပါတယ်။ ပေါ့ပါးတဲ့ အလူမီနီယံဘော်ဒီနဲ့ ပြုလုပ်ထားတဲ့ အင်ဂျင်အား ကောင်းမွန်တဲ့ V -12 အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ ဒီအင်ဂျင်ဟာ မြင်းကောင်ရေ (၃၀၀)အားနဲ့ ညီမျှပါတယ်။ တစ်ကမ္ဘာလုံးမှာ ဒီလိုကားမျိုးသုံးစီး သာရှိတာမို့ ရှားပါး ပစ္စည်းအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။
ဒီကားကို လာမယ့်လ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပသွားမယ့် လေလံပြပွဲ တစ်ခုမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီကား ဟာ အဖိုးတန်တဲ့ ကားတစ် စီးဖြစ်ပြီး ဖာရာရီ ကားသမိုင်းတစ်လျှောက်မှာ ဈေးအကြီးဆုံး ဖြစ်လာလိမ့်မယ်လို့ သုံးသပ် ထားပါတယ်။ အ ရင်က ဒီကားကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး နောက်ပိုင်းမှာ ပြန်လည် ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။ ပိုင်ရှင် အပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းမှာ ဒီကားကို စီးနင်းတော့ခြင်း မရှိဘဲ သိမ်းဆည်းထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားရဲ့ အရောင်ဟာ ငွေရောင်နဲ့ ခဲရောင်ကို စပ်ထားခြင်း ပဲဖြစ်ပါတယ်။
ref;The Messenger Media
--------------------------------------
ကိုမျိုး(
lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook
ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...