အင်းရိုးရာ ငါးရံ့ဆန်လှော် ဆေးခါးဟင်းရည်



ဒီဟင်းလေးက ကျွန်မကိုယ်တိုင် ချက်တာ မဟုတ်ပါဘူး။ ကျွန်မ မြန်မာပြည် ပြန်လည်တုန်းက မေမေ ချက်ကျွေးတာကို လိုက်ပြီး မှတ်တမ်း တင်ထားတဲ့ ချက်နည်းလေးပါ။

***... အင်းရိုးရာ ငါးရံ့ဆန်လှော် ဆေးခါးဟင်းရည် အတွက် လိုအပ်တာလေးတွေ

1. ငါးရံ့ နှင့် ငါးရံခေါင်း – ၁ ကီလို (၆၅ ကျပ်သား)
2. ဆား – ချင့်ချိန်ထည့်ပါ
3. အချိုမှုန့် – ချင့်ချိန်ထည့်ပါ
4. ဆေးခါးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း (သို့) ကြိုက်နှစ်သက်သလောက် (ဆေးခါမှုန့်မရှိလျှင် ခရမ်းကစော့ (အခါးသီး)ကို ထည့်နိုင်ပါတယ်။)
5. ကြက်သွန်ဖြူ – အတက်ကြီး ၁၄ တက်
6. ဂျင်း – လက်မအရွယ် ၂ တက်
7. ဆန်လှော်မှုန့် – ဟင်းခပ်ဇွန်းကြီး ၃ ဇွန်း (ခပ်ကျဲကျဲကြိုက်လျှင် အနည်းငယ်လျှော့ထည့်ပါ။)
8. ပူစီနံ – ကြိုက်နှစ်သက်သလောက်

ဂျင်း နှင့် ကြက်သွန်ဖြူ ကို ညက်အောင်ထောင်းထားပါ။

ငါးရံ့ ကို အကြေးခွံချွတ်၊ ဗိုက်ခွဲအူထုတ်ကာ သန့်စင်အောင် ဆေးထားပါ။ ငါးရံ့ခေါင်းကို ပါးဟတ် ထုတ်ကာ ပြောင်စင်အောင် ဆေးထားပါ။

ပွက်ပွက်ဆူနေသော ရေထဲ သန့်စင်ထားသော ငါး နှင့် ငါးခေါင်းများကို ထည့်ပြီး high heat ဖြင့် ပြုတ်ပေးပါ။

ရေပွတ်ပွတ်ပြန်ဆူလာလျှင် ဆား နှင့် ဆေးခါးမှုန့် ကိုထည့်ကာ ၁၅ မိနစ်ခန့် ဆက်ပြုတ်ပါ။

ပြီးလျှင် ငါးများကို ဆယ်ထုတ် အအေးခံကာ အရိုးနွှင်ထားပါ။

ပွက်ပွက်ဆူအောင် ဆက်တည်ထားသော ဟင်းရည်အိုးထဲ အရိုးနွှင်ထားသော ငါး၊ ဟင်းချိုမှုန့်၊ ထောင်းထားသောဂျင်း ကြက်သွန်ဖြူ တို့ကိုထည့်ပါ။

ဟင်းရည်အိုး ထပ်ဆူလာလျှင် ရေအေး အနည်းငယ်ဖြင့် ဖျော်ထားသော ဆန်လှော်မှုန့်ကို ထည့်ကာ ခဲမသွားအောင် မွှေပေးပါ။

ပြီးနောက် medium heat သို့လျှော့ကာ ၁၅ မိနစ်ခန့် ဆက်တည်ပြီးနောက် ပူစီနံ ထည့်ကာ ၃၊၄ ခါမွှေပေးပါ။

မွှေပြီးနောက် အိုးအဖုံး ဖုံး၍ ဟင်းအိုးကို မီးဖိုမှချကာ အင်းရိုးရာ ငါးရံ့ဆန်လှော် ဆေးခါး ဟင်းရည် လေးကို ဂျူးမြစ် ပဲပုပ် စပ်ဆီး(ငရုတ်သီး) စိမ်းအုပ် ဖြင့်တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။


ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook





ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...