ငါးဥ ပဲပုပ်စေ့ နှင့် ဂျူးမြစ် စပ်ဆီး (ငရုတ်သီး) စိမ်းအုပ်



မြန်မာပြည် ပြန်လည်ချိန် အရမ်းကောင်းတဲ့ တောင်ကြီး ပဲပုပ်စေ့လေးနဲ့ မေမေ ချက်ကျွေးတဲ့ ဟင်းကို ကျွန်မက recipe လေး ပြန်ရေးထား တာပါ။

***... ငါးဥ ပဲပုပ်စေ့ နှင့် ဂျူးမြစ် စပ်ဆီး(ငရုတ်သီး)စိမ်းအုပ် အတွက် လိုအပ်တာလေးတွေ…

1. ဆီ – 3/4 cup (180 ml)
2. လေးစိတ်ကွဲလှီးထားသော ခရမ်းချဉ်သီး အသေး – ၃ လုံး
3. လက်တစ်ဆစ်အရှည်ခန့်လှီးထားသော ဂျူးမြစ် နှင့် ဂျူးပင် – 2 cup (500 ml)
4. အရမ်းမကြေအောင် ထောင်း (ကြိတ်) ထားသည့် မစပ်သည့် ငရုတ်သီးစိမ်းအပွ – 2 cups (500 ml)
5. အရမ်းမကြေအောင် ထောင်း (ကြိတ်) ထားသည့် စပ်သည့်ငရုတ်သီးစိမ်း – လက်တစ်ဆုပ်ခန့်
6. တောင်ကြီး ပဲပုပ်စေ့ – 1 cup (250 ml)
7. အပြင်ခွံခွါထားသော ငါးဥ – 1 cup (250 ml)
8. အရသာမှုန့် (chicken powder) – ချင့်ချိန်ထည့်ပါ။
9. ဆား – ချင့်ချိန်ထည့်ပါ။
10. ပင်စိမ်းရွက် (သို့) ပူစီနံ – လက်တစ်ဆုပ်ခန့်

ဆီ၊ ခရမ်းချဉ်သီး၊ ဂျူးမြစ်၊ ဂျူးပင်၊ ထောင်းထားသော ငရုတ်သီးစိမ်း တို့ကို ဒယ်အိုးတစ်လုံးထဲ ထည့်ပြီး ခရမ်းချဉ်သီးများ ကြေပြီးနွမ်းသွားသည် အထိ မွှေကြော်ပေးပါ။

ခရမ်းချဉ်သီးနွမ်းကြေသွားလျှင် ပဲပုပ်စေ့ထည့်ကာ ၁ မိနစ်ခန့်မွှေကြော်ပေးပါ။

ပြီးနောက် အပြင်ခွံခွာထားသည့် ငါးဥ၊ အရသာမှုန့် နှင့် ဆားထည့်ကာ ငါးဥကျက်ပြီး၊ ဆီပြန်လာသည်အထိ မွှေကြော်ပေးပါ။

ငါးဥကျက်ပြီး၊ ဆီပြန်လာလျှင် ပင်စိမ်းရွက် (သို့) ပူစီနံ ကိုထည့်ကာ မီးပိတ်၍ ၄၊၅ ခါမွှေကြော်ပြီးပေးပါ။

ပြီးလျှင်ဆိမ့်ဆိမ့်စပ်စပ် အရသာလေးဖြင့် စားကောင်းလှသော ငါးဥ ပဲပုပ်စေ့ နှင့် ဂျူးမြစ် စပ်ဆီး (ငရုတ်သီး) စိမ်းအုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။


ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook








ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...