ကြိုတင်ရှောင်ရှား ရောဂါမများ

အမြင်အာရုံ မျက်လုံးနှင့် အကြောပိုင်း ဆိုင်ရာ အားနည်းခြင်း ရောဂါဝေဒနာကို လူအများ တိုးတက် ဖြစ်ပေါ် လာနေသည့် အတွက် အသိပေး တင်ပြခြင်း ဖြစ်ပါသည်။

ကျန်းမာရေး အသိတွေ ရတော့ ရှောင်သင့် တာကို ရှောင်လိုက်ခြင်းဖြင့် ရောဂါများ များပြား လာခြင်း သို့ တည်းမဟုတ် တိုးပွားနိုင် လာခြင်း လျှော့နည်းပါ လိမ့်မည်။

မြို့ ပြတောရွာ မကျန် အိုင်တီခေတ်ကြောင့် နည်းပညာနှင့် အသုံးဆော င်ပစ္စည်းတွေ သုံးစွဲမှု့ မြင့်မား လာခြင်းနှင့် အတူ မသိမသာ သုံးစွဲသူ လူတစ်ယောက်တွင် ကျန်းမာရေးဆိုင်ရာ တစ်ချို့ တစ်လေ အားနည်း လာပါတယ် ဒါကလဲ သတိမထားမိတော့ မဖြစ်ဘူးလို့ ထင်နေကြမှာပါ။

တစ်ချို့ မိဘတွေ ကိုယ့်ကလေး ငယ်ငယ်လေးတွေကို MP-4 နှင့် တစ်ခြား အိုင်တီခေတ် ပစ္စည်းများကို ပေးကိုင်ခိုင်းခြင်း ပြု့ လုပ်စေပါတယ် တကယ်တမ်းမှာ ရုပ်မြင်စေသည့် ဖန်ပြားပြင်သည့် နုနယ်သော ကလေးတွေမှာ ကြာလာသည့်နှင့် အမျှ အမြင်အာရုံကို ချိုးတဲ့ ထိခိုက်စေပါသည်။

ခေတ်ကာလအတွင်းက အရွယ်ရောက် ယောင်္ကျားလေးများနှင့် မိန်းကလေးများတို့ သည့် မိမိလက်ကိုင် ဖုန်းမှနေပြိး အင်တာနက်ကို အချိန်ကြာမြင့်စွာ တစိုက်မတ်မတ် သုံးစွဲလာကြပါတယ် အဲလို့ အမြင်ကို ကျန်းမာရေးအရ ပြောရရင် မကောင်းပါဘူး လူ့ ခန္ဓာကိုယ့် ကြာလာသည့်နှင့်အမျှ ကျန်းမာရေး ချိုးတဲ့လာဖို့ သာ ရှိပါတော့တယ် ကျန်းမာရေး မကောင်းလာခဲ့ရင် ကျန်သည့် အသိပညာတွေ အချည်းအနှီးသာ ဖြစ်လာပါတယ် ဒါကြောင့် သုံးစွဲသူများ သိရှိစေလိုပါသည်။

မိမိ အာရုံစူးစိုက် ကြည့်နေသည့် မြင်ကွင်း သေးသေးများကို ကြာချိန် ၁၀ မိနစ်ထက်မပိုဘဲ မျက်စိ မှ စူးစိုက်စွာ ကြည့်ခြင်းမျိုး ရှောင်ရှားပေးပါ။ မျက်လုံးကို တစ်နေရာသို့  မကြာမကြာ လွဲပြောင်းကြည့်ပေး သင့်ပါတယ်။

ခေါင်းငုံခြင်း ဖြစ်နေသည့်အတွက် မကြာခဏ ခေါင်းမတ်ပေးခြင်း ခေါင်းကို နောက်ပြန် အကြောပြေ စေရန် လုပ်ဆောင်ပေးခြင်းမျိုးနှင့် ဦးခေါင်းကို ဘယ်ညာ လှဲ့ ပေးခြင်း မဖြစ်မနေ လုပ်ပေးသင့်ပါသည်။

လက်အနေအထားမှာ ကွေးနေသည့် ပုံစံဖြင့် သုံးစွဲလွန်လာခဲ့ရင် လက်နှစ်ဖက်မှာ ထုံတာတွေ ကျင်တာ တွေ တဖြေးဖြေးဖြစ်ပေါ်လာပြီး နောက်ပိုင်း လက်လှုပ်ရှားခြင်းတွက် မိမိကိုယ်ကိုယ့် လှုပ်ရှားမှု့  အား မရဖြစ်လာတက်ပါတယ် ဒါကြေင့် အိုင်တီနှင့်ပတ်သက်သည့် အသုံးဆောင်များကို အချိန်ကြာမြင့်စွာ သုံးစွဲရန် မသုံးသင့်ကြောင်ကို ကျန်းမာရေး အမြင်ဖြင့် အသိပေးပြောကြားလိုပါသည်။

အသက်ရာကျော်ရှည်ပါစေ


ref;Mg Mandalay
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...