ကမ္ဘာ့ အရပ်အရှည်ဆုံး ဆယ်ကျော်သက် မိန်းကလေးအဖြစ် တူရကီ နိုင်ငံသူ ဂဲလ်ဂျီ သတ်မှတ်ခံရ
တူရကီနိုင်ငံ ကာရာဘက်ခ်မြို့ ဆာဖရန်ဘိုလူ ခရိုင်မှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို ကမ္ဘာ့အရပ် အရှည်ဆုံး ဆယ်ကျော် သက် မိန်းကလေး အဖြစ် ဂင်းနစ်မှတ်တမ်း အဖွဲ့က ဇူလိုင် ၁ဝ ရက်တွင် တရားဝင် ကြေညာ ခဲ့ကြောင်း သိရသည်။
ရူမိုင်ဆာဂဲလ်ဂျီ အမည်ရှိ အဆိုပါ မိန်းကလေး၏ အရပ်မှာ ၂၁၃ ဒသမ ၆ စင်တီမီတာ(၇ ပေနှင့် သုည ဒသမ ၉ လက်မ) ရှိသည်ဟု သိရသည်။ သို့ရာတွင် ၁ဝ တန်း ကျောင်းသူတစ်ဦး ဖြစ်သည့် ဂဲလ်ဂျီ သည် ခန္ဓာကိုယ် အလွန်အမင်း ကြီးထွားသည့် ရှားပါးရောဂါ တစ်ခုကို ခံစားနေရသူ ဖြစ်ကြောင်း သိရ သည်။
ကမ္ဘာ့ အရပ်အရှည်ဆုံး အမျိုးသား အဖြစ် လက်ရှိတွင် စံချိန် တင်ထားသည့် ဆူလ်တန် ကိုဆန်သည် အရပ်အရှည် ၂၅၁ စင်တီမီတာ ( ၈ပေ ၃ လက်မ)ရှိပြီး တူရကီ နိုင်ငံသား တစ်ဦးပင် ဖြစ်ကြောင်း သိရသည်။
ref;မြ၀တီ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook