လည်ပင်း ကျီိးပေါင်းရောဂါ နှင့်ပတ်သက်ပြီး ဆေးပညာရှု့ထောင့်မှ အကြံကောင်း
Pa Pa Soe အမေး။ လည်ပင်း ကျီိးပေါင်းရောဂါ ခံစားနေရပါတယ်။ ဆေးပညာရှု့ထောင့်မှ အကြံကောင်း များပေးစေ လိုပါတယ်။
အဖြေ။ လည်ပင်း ကျီးပေါင်းရောဂါ ဟုခေါ်သော (cervical spondylosis) သည် လည်ပင်း အရိုးလေး တစ်ခုနှင့်တစ်ခု အကြားတွင် ရှိသော Intervetebral disc များ တဖြည်းဖြည်းနှင့် ပါးလွှားလားပြီး ထို လည်ပင်း အရိုးလေးများပေါ်တွင် (new bone formation) အရိုးအသစ် သေးသေးလေးများ ထွက်ပေါ် လာခြင်းဖြစ်သည်။
ထိုသို့ ထွက်ပေါ် လာခြင်းကြောင့် အဆစ်များ တောင့်တင်းလာခြင်း၊ ဇက်ကြောတက်ခြင်း၊ အာရုံကြောများကို သွားဖိမိလျှင် နာကျင်ခြင်း စသည် ဝေဒနာများ ဖြစ်ပေါ် လာနိုင်ပါသည်။ လည်ပင်း ကျီးပေါင်းရောဂါသည် (degenerative process) အချိန်ကြာသည်နှင့်အမျှ တဖြည်းဖြည်းနှင့်ပို၍ ဆိုးရွား သွားသော ရောဂါ အမျိုးအစားထဲတွင် ပါဝင်သည်။
ထွက်လာသော အရိုးအသစ်လေးများ ရှိနေသရွေ့ လည်ပင်ကျီးပေါင်း တက်ခြင်း ဝေဒနာကို ဆက်လက် ခံစားနေရမည် ဖြစ်ပါသည်။ ထိုအရိုးသစ် ကလေးများကို ခွဲစိတ်ခြင်း ဖြင့် ဖယ်ရှားနိုင်မှ သာလျှင် ရောဂါ ဝေဒနာများ အရှင်းပျောက်မည်ဖြစ်သည်။
အကြံပြုလိုသည်မှာ လေကျင့်ခန်း ပုံမှန်ပြုလုပ်ပေးလျှင် ဝေဒနာ သက်သာနိုင်ပြီး။ အကိုက်အခဲ ပျောက် ဆေးများကို တာရှည်အသုံးပြု သောက်သုံးမည် ဆိုလျှင်လည်း အစာအိမ်အနာ မဖြစ်ရလေအောင် အစာ အိမ် ကာကွယ်ဆေး နှင့်တွဲဖက် သောက်သုံးသင့်ပါသည်။ အဆစ်အတွင်းသို့ ဆေးထိုးခြင်းဖြင့်လည်း နာကျင်မှုဝေဒနာကို သက်သာစေနိုင်ပါသည်။
(Dr. Sun)
ref; http://www.lyhealthcare.com/archives/1880
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook