ငါးမွှေချက်..



ပါဝင်သော ပစ္စည်းများ

ငါး - ၂၅ ကျပ်သား
မုန်ညင်းဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
မုန်ညင်းစေ့ (ကြိတ်ပြီး) - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ရှောက်ရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်သီးစိမ်း (ပါးပါးလှီး) - ၂ တောင့်
ကြက်သွန်ဖြူ - ၈ မွှာ
ရေ - လိုသလောက်
ဆား - သင့်ရုံ

ပြင်ဆင်ချက်ပြုတ်နည်း

၁။ ကြက်သွန်ဖြူကို အခွံခွာ၍ ညက်နေအောင်ထောင်းပါ။

၂။ ငါးကိုဆားနှင့်နယ်ပြီး ခေတ္တနှပ်ထားပါ။ ထို့နောက် အိုးတစ်အိုးတွင်ထည့်ပြီး ၁၀ မိနစ်ခန့် ငါးအသားကျက်သည်အထိပြုတ်ပါ။

၃။ ငါးကိုရေမှဆယ်၍ အသားများကိုခွာယူပါ။ အရိုးတွင်ကပ်နေသော အသားအစအနများပါမကျန်အောင် ထုတ်ယူပါ။

၎။ ငါးအသားများကို ဆားနှင့်ရောမွှေ၍ ပန်းကန်တစ်ချပ်ထဲတွင်ထည့်ထားပါ။

၅။ ကြက်သွန်ဖြူထောင်းနှင့် ကြိတ်ပြီးမုန်ညင်းစေ့တို့ကို ဆီပူထိုးပါ။

၆။ ထိုဒယ်အတွင်း ငါးအသားကိုထည့်၍မွှေပါ။

၇။ ငရုတ်သီးစိမ်းပါးပါးလှီးနှင့် ရှောက်ရည်တို့ထည့်ပြီး သမအောင်မွှေပေးပါ။

ငါးမွှေချက်ကောင်းကောင်းကို အရသာရှိရှိ သုံးဆောင်နိုင်ပြီဖြစ်ပါသည်။

မှတ်ချက်။ ။ ငါးမွှေချက်အတွက် အသင့်လျော်ဆုံးငါးမှာ ငါးပတ်ဖြစ်ပါသည်။


ref; http://www.shweo.net/recipe/index/view/id/2798
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...