ကြာဇံချက်



***... ကြာဇံချက် ချက်ဖို.အတွက် လိုအပ်တာလေးတွေ….

1. ကြက်သား – 1 kg (၆၅ ကျပ်သား)( ရေဆူဆူထဲ ၃၀ မိနစ်ခန့် ထည့်ပြုတ်ကာ အသားနွှင်ထားပါ)
2. ပဲကြာဇံ (bean vermicelli) – 250 g (၁၈ ကျပ်သားခန့်) (၁ နာရီ ခန့် ရေစိမ်ကာ အနည်းငယ် ဖြတ်ထားပါ။)
3. ဆီ – 1/2 cup (125 ml)
4. ပါးပါးသေးသေး လှီးထားသော ကြက်သွန်နီ – 1 1/2 cup (375 ml)ခန့်
5. နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း တစ်ဝက်
6. ရောင်တင်မှုန်. – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
7. ငါးငံပြာရည် – 1 cup (250 ml)
8. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
9. Chicken powder - ထမင်းစားဇွန်း ၁ ဇွန်းခွဲ
10. ကြွက်နားရွက်မှို – ၁၅ ခု ခန့် (အရမ်းကြီးလျှင် ၁၀ ခု)(၁ နာရီခန့် ရေစိမ်ကာ လှီးထားပါ။)
11. shiitake mushroom – ၈ ခု ခန့် (၁ နာရီခန့် ရေစိမ်ကာ ပါးပါးလှီးထားပါ။)
12. ပန်းခြောက် – ၂၅ ခုခန့် (၁ နာရီခန့် ရေစိမ်ကာ ထုံးထားပါ။)
13. နာရီဝက်ခန်. ရေစိမ်ထားသော ပဲပြား (dried bean curd) – 1/2 cup (125 ml)
14. ငရုတ်ကောင်းမှုန်. – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

မီးဖိုတစ်ခုတွင် ကြက်သားပြုတ်ထားသော ဟင်းရည်အိုးကို ရေနွေးထပ်ရောပြီး ဆူအောင် တည်ထားပါ။

နောက်မီးဖိုတစ်ခုတွင် ဆီ နှင့် ကြက်သွန်နီထည့်ထားသော ဒယ်အိုးအား high heat ဖြင့် ဆီသတ်ပါ။

ကြက်သွန်နီဖတ်များ ရွှေဝါရောင်ပြောင်းလာလျှင် မီးကို medium heat သို့လျှော့ကာ နနွင်းမှုန့် နှင့် ရောင်တင်မှုန့်ထည့်ပြီး ၃၀ စက္ကန့်ခန့် မွှေကြော်ပေးပါ။

ငါးငံပြာရည် 1/2 cup (125 ml) ထည့်ပြီး ၂ မိနစ်ခန်.မွှေကြော်ပေးပါ။

အသားနွှင်ထားသော ကြက်သားများကို ထည့်ကာ ၃ မိနစ်ခန်.မွှေကြော်ပေးပါ။

ပြီးလျှင် ဆီသတ်ချက်ထားသော ကြက်သားကို ဆူနေသော ကြက်ပြုတ်ရည်အိုး ထဲ လောင်းထည့်၍ အိုးကို ဖုံးကာ ဆူလာအောင် တည်ထားပါ။ (အရည်အနည်း၊ အများ မိမိ နှစ်သက်သည့်ပေါ် မူတည်၍ လိုအပ်လျှင် ရေနွေး ထပ်ထည့်ပါ။)

ဟင်းရည်အိုးထပ်ဆူလာလျှင် ငါးငံပြာရည် 1/2 cup(125 ml)၊ ဆား၊ chicken powder ၊ မှို ၂ မျိုး၊ ပန်းခြောက် နှင့် ပဲပြားကိုထည့် ကာအဖုံး ပြန်ဖုံးထားပါ။ (ငုံးဥ ရှိလျှင် တစ်ခါတည်း ထည့်ပါ။)

နောက်တစ်ခေါက်ထပ်ဆူလာလျှင် ကြာဇံများကိုထည့်ပါ။ ဟင်းရည်များပြန်ဆူပြီး ၂ မိနစ်ခန်.ကြာလျှင် ငရုတ်ကောင်းမှုန်. ထည့်ကာ မီးကိုပိတ်ပါ။

ကိုယ်ကြိုက်သော အရည် အနည်း၊ အများပေါ်မူတည်၍ အပေါ့၊အငံကို ချင့်ချိန်ထည့်ပါ။

၅ မိနစ်ခန်.ထားပြီးနောက် အရသာရှိလှသော ကြာဇံချက်ကို ငရုတ်သီးလှော်မှုန့်၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ နံနံပင်၊ ကြက်သွန်ပင်၊ သံပုရာသီးတို့ထည့်ကာ သူ့ချည်းသက်သက် သုံးဆောင်နိုင်သလို၊ ကြက်ချဉ်စပ်သုပ်လေးနှင့် တွဲဖက်၍လည်း အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။


ref; https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook















ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...