တုပ်ကွေးကြောင့် ခံစားရသော ဝေဒနာများကို သက်သာစေသော အစားအစာများ

ငှက်ပျောသီး

အစာကြေညက် လွယ်ပြီး ကလးငယ်တွေ တုပ်ကွေး ဖြစ်တဲ့အခါ ခံစားရ တတ်တဲ့ ပျို့ချင်တာ၊ အန်ချင်တာနဲ့ ၀မ်းသွားတာတွေ မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။

ချင်း(ဂျင်း)


ဝမ်းဗိုက် နာကျင်တာ၊ ပျို့အန် ချင်တာစတဲ့ ဝေဒနာ တွေအတွက် ချင်းကို အသုံးပြုနိုင် ပါတယ်။ လေ့ လာမှု တစ်ခုမှာ ချင်းက ခန္ဓာကိုယ်တွင်း ရောင်ရမ်း မှုတွေကို သက်သာစေ တာကို တွေ့ရှိရ ပါတယ်။

ကောက်နှံတစ်ခုလုံး ပါဝင်သော ကွေကာ

တုပ်ကွေးဖြစ်နေချိန်မှာ စားသင့်တဲ့ အစားအစာ တစ်ခုပါ။ ကောက်နှံ တစ်ခုလုံး ပါဝင်တဲ့ ကွေကာက ဆာလောင်မှု မရှိစေဘဲ စိတ်ကျေနပ်မှု ဖြစ်စေပါတယ်။

ရေခဲချောင်း

လတ်ဆတ်တဲ့ သစ်သီးကို ဖျော်ရည်လုပ်ပြီး ရေခဲသေတ္တာထဲ ထည့်ကာ ရေခဲချောင်း ပြုလုပ်ပြီးစားပါ။ သကြားမထည့်ဘဲ သဘာဝ အချိုအတိုင်း ထားရှိရပါမယ်။ ရေခဲချောင်း စားတာကြောင့် လည်ချောင်း နာတာ၊ ရောင်တာ၊ လည်ချောင်း ခြောက်တာတွေကို သက်သာစေပါတယ်။ ချွဲသလိပ်တွေကို ပျော်စေပြီး နှာခေါင်း ပိတ်တာကိုလည်း သက်သာစေပါတယ်။

ကြက်သား

အဆီမပါတဲ့ ကြက်သားက အာဟာရ ပြည့်ပြည့်၀၀ ရရှိစေပါတယ်။ တုပ်ကွေးဖြစ်နေချိန်မှာ အာဟာရ လုံလုံလောက်လောက် ရရှိဖို့အတွက် ကြက်သားကို စားသုံးသင့် ပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ

ကြက်သွန်ဖြူမှာ အဏုဇီဝပိုးသတ် အာနိသင်နဲ့ ခုခံစွမ်းအားတွေကို မြှင့်တင်ပေးတဲ့ အာနိသင်တွေရှိပြီး နှာခေါင်း ပိတ်တာကိုလည်း သက်သာစေပါတယ်။ ကြက်သွန်နီမှာ ရှိတဲ့ ဖိုက်တိုကမ်မီကယ်က လေပြွန် ရောင်ရမ်းမှုကို သက်သာစေပါတယ်။

ကြက်စွပ်ပြုတ်

ကြက်စွပ်ပြုတ် သောက်သုံးပေးတာက ရေဓာတ်ကို ရရှိစေပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျော့နည်းစေလို့ တုပ်ကွေးရောဂါကို အမြန်သက်သာစေ ပါတယ်။ လေ့လာမှုအရ ကြက်စွပ်ပြုတ် သောက်တာက နှာခေါင်း အတွင်းပိုင်းမှာ ရှိတဲ့ အမွေးအမှင်လေးတွေရဲ့ စွမ်းဆောင်ရည်ကို ကောင်းစေ လို့ အသက်ရှူ  လမ်းကြောင်းအတွင်း ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေ မ၀င်အောင် ဟန့်တားပြီး တုပ်ကွေးရောဂါ မဖြစ်အောင် ကာကွယ်နိုင်တာကို တွေ့ရပါတယ်။

လက်ဖက်ရည်ကြမ်း


လက်ဖက်ရည်ကြမ်း သောက်တာက ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးမယ့် အင်တီအောက်ဆီးဒင့်ေ တွကို ရရှိစေပါတယ်။ လက်ဖက်ခြောက်ထဲမှာ ပါတဲ့ ဖိုက်တိုကမ်မီကယ် ကက်တီချင်က ပိုးသတ်အာနိသင် နဲ့ ၀မ်းလျှောတာကနေ ကာကွယ်ပေးပါတယ်။

ပဲနို့
လက်တို့မပါဝင်တဲ့ ပဲနို့သောက်တာက တုပ်ကွေးဖြစ်နေချိန်မှာ အာဟာရ ဓာတ်ပြည့်ဝစွာ ရရှိနိုင်ပါတယ်။ စတော်ဘယ်ရီ၊ ချောကလက်တွေ ပါဝင်ခဲ့ရင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်၊ သတ္ထုဓာတ်တွေအပြင် ကယ်လိုရီကိုလည်း လုံလောက်စွာ ရရှိစေပါတယ်။

ဟင်းသီး ဟင်းရွက်ဖျော်ရည်

ဟင်းသီးဟင်းရွက်တွေကို သုပ်စားတာ၊ ဖျော်ရည်လုပ် သောက်တာက တုပ်ကွေးဖြစ်တာကနေ ပြန်လည် သက်သာစေဖို့ ကူညီပေးပါတယ်။ ခန္ဓာကိုယ်ခုခံအားကို ကောင်းစေတဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့အပြင် ရေဓာတ်ဖြည့်ပေး တာကြောင့် ခံစားရတဲ့ တုပ်ကွေးလက္ခဏာတွေကို အမြန်သက်သာစေ ပါတယ်။

တုပ်ကွေး ကာကွယ်ဆေးထိုးပါ

တုပ်ကွေးကာကွယ်ဆေး ထိုးထားတာက တုပ်ကွေးရောဂါမဖြစ်အောင် ၈၀% ကာကွယ်ပေးပါတယ်။ တစ်နှစ်ကို တစ်ကြိမ်သာ ထိုးရပြီး တုပ်ကွေးရောဂါ အဖြစ်များတတ်သော မိုးရာသီမ၀င်မီ နှစ်ပတ်အလိုမှာ ထိုးပါ။ ကာကွယ်ဆေးအာနိသင်ကို ရရှိဖို့ နှစ်ပတ်ကြာ တတ်တာကြောင့်ပါ။

ကာကွယ်ဆေးထိုးထား သင့်သူများ


ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက တုပ်ကွေးဖြစ်လာခဲ့ရင် ခံနိုင်ရည် နည်းတာကြောင့် တုပ်ကွေး ကာကွယ်ဆေး မဖြစ်မနေ ထိုးထားပေးသင့်ပါတယ်။ ကျန်းမာရေး ၀န်ထမ်းတွေ၊ နာတာရှည် အဆုတ် ရောဂါရှိသူတွေ၊ ခုခံအားလျော့နည်းစေသော ဆေးဝါးသောက်သုံး နေရသူတွေ၊ ဦးနှောက်နဲ့ အာရုံကြော ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် အဆုတ် လုပ်ငန်းဆောင်တာ အားနည်းသူတွေအနေနဲ့ တုပ်ကွေး ကာကွယ် ဆေးကို မဖြစ်မနေ ထိုးထားသင့်ပါတယ်။

(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လထုတ် အာရောဂျံမဂ္ဂဇင်း အတွဲ(၂၆၄)မှ ဇာခြည်ဝင်း (ဆေးဝါး တက္ကသိုလ်) ရေးသားသော အအေးမိ တုပ်ကွေးဖြစ်လျှင် အမြန်ဆုံး သက်သာစေရန် ဆောင်းပါးမှ ကောက်နှုတ် ဖော်ပြပါသည်။)

ref;ဘလော့စာပေများ - ရွှေမြို့တော်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...