ဟစ်တလာလို ၀တ်စားဆင်ယင်ခဲ့တဲ့ မက္ကဆီကို နိုင်ငံရေးသမားနှစ်ဦး ဝေဖန်ခံရ


အေသင်အောင် 
မက္ကဆီကို အမျိုးသား တက်ကြွလှုပ်ရှားမှု ပါတီက အဖွဲ့ ဝင်နှစ်ဦးဟာ ဟစ်တလာလို ၀တ်စား ဆင်ယင်မှု ပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုနဲ့ ရင်ဆိုင် နေရတယ်လို့ သိရပါတယ်။ လူငယ် ပါတီဝင်နှစ်ဦးဖြစ်တဲ့ အသက် (၂၃) နှစ်အရွယ်ရှိ ဆီဘယ်လော့စ်နဲ့ အသက် (၂၆) နှစ်အရွယ်ရှိ ရိုဆာတို့ဟာ ပါတီပွဲ တစ်ခုမှာ အာဏာရှင် ဟစ်တလာနဲ့ အီဗာတို့ ပုံစံ ၀တ်ဆင်ခဲ့ခြင်း ဖြစ်ပါ တယ်။ အီဗာဟာ ဟစ်တလာရဲ့ ချစ်သူတစ်ဦး ဖြစ်ပြီး သူတို့နှစ်ဦးဟာ ပါတီပွဲတွေ မကြာခဏ တက်လေ့ ရှိပါတယ်။ ဆီဘယ်လော့စ်နဲ့ ရိုဆာ တို့ဟာ ဟစ်တလာနဲ့ အီဗာတို့ ပုံစံအတိုင်း ၀တ်ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။ ရိုဆာကတော့ သူ့အပေါ် စွဲချက်တင်ရှိ ထားမှုကို ငြင်းဆိုခဲ့ပြီး ပါတီမှာ ကျွန်မအနေနဲ့ အီဗာပုံစံမျိုး လုံး၀၀တ်ဆင်ခဲ့ခြင်း မရှိပါဘူး။ ကျွန်မရဲ့ ၀တ်စားဆင်ယင်မှုဟာ ပါတီကို ထောက် ခံရုံသက်သက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ ပါတီပွဲဖြစ်တာမို့ လူစိတ်ဝင်စားမယ့် အ၀တ်အစားကို ၀တ်ဆင်ခဲ့တာပါ လို့ ပြောကြား ခဲ့ပါတယ်။ ရိုဆာက သူ့အနေနဲ့ နာဇီဝါဒကို လုံးဝ မ ထောက်ခံကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ ပါတီတာဝန်ရှိ သူတစ်ဦးကမူ ပြိုင်ဘက် ပါတီတွေရဲ့ ထိုးနှက်မှုကို ရနိုင်တယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။ ဟစ်တလာပုံစံ ၀တ်ဆင်ခဲ့တဲ့ ဆီဘယ်လော့စ် ကလည်း သူ့ရဲ့ ၀တ်စားဆင်ယင်မှု မှားယွင်းခဲ့တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...