ရှေးရိုးရာ လက်သည်းပွင့်အဟော

အရင် မှဲ့အဟောကို ဖော်ပြပြီးနောက် ယခု ရှေးရိုးရာ လက်သည်းပွင့် အဟောကို တင်ပေး လိုက်ပါတယ်။ လက်သည်း ပွင့်တယ်ဆိုတာ လက်သည်းပေါ်မှာ အဖြူကွက် ကလေးများ ပေါ်နေခြင်းကို ဆိုလိုပါတယ်။ သွေးသား ကောင်းမွန်ပြီး လက်သည်းလေးများ ပန်းရောင် အသွေးပြေးနေမယ် ဆိုရင် လက်သည်း ပွင့်ခြင်းဟာ ပေါ်လွင်နေတတ် ပါတယ်။ (လက်သည်းပွင့်တဲ့ အခါရှိသလို မပွင့်တဲ့ အခါလည်း ရှိပါတယ်) အဆိုပါ လက်သည်း ပွင့်ကလေးကို ကြည့်ရှုပြီး အောက်ပါအတိုင်း အဟောရ ရှိပါတယ်

၁။ လက်ညှိုးရှိ လက်သည်းတွင် လက်သည်းပွင့်နေလျှင်-
ချစ်သူနှင့် ကွဲကွာ၊ ခွဲခွာရ ကိန်းရှိပါသည်။

၂။လက်သူကြွယ်ရှိ လက်သည်းတွင် လက်သည်းပွင့်နေလျှင်-
လူအများ၏ ဦးထိပ်ထားမှု၊ ခေါင်းဆောင်တင်မှု၊ ပူဇော်မှုကို ခံရပါလိမ့်မယ်။

၃။လက်မရှိ လက်သည်းတွင် လက်သည်းပွင့်နေလျှင်
မိတ်ဆွေ အပေါင်းအသင်းများ ဆွေမျိုးသားချင်းများနှင့် ဝေးကွာနေရတတ်သည်။

၎။ လက်ခလယ်ရှိ လက်သည်းတွင် လက်သည်းပွင့်နေလျှင်
ဖူးစာရှင်တွေ့မည်။ အိမ်ထောင်ရက်သား ကျတတ်ပါသည်။

၅။ လက်သန်းရှိ လက်သည်းတွင် လက်သည်းပွင့်နေလျှင်
စိတ်ပျော်ရွှင် ချမ်းမြေ့ရလိမ့်မယ်။ မိမိအကျိုးကို ဆောင်ရွက်ပေးမည့် တပည့်လက်သားများ ရရှိပါလိမ့်မည်။


မြန်မာ့ရိုးရာဗေဒင်ပညာရပ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...