ငါး ကြက်သွန်ဖြူ အစပ်ကြော်

***... ငါး ကြက်သွန်ဖြူ အစပ်ကြော် အတွက် လိုအပ်တာလေးတွေ…
ငါးကြင်း(Rohu) /ငါးမြစ်ချင်း(Mrigal) – ကီလိုဝက်ခန်.
အရသာမှုန့် (chicken powder)
ဆား
နနွင်းမှုန်.
ပါးပါးသေးသေး လှီးထားသော ကြက်သွန်ဖြူ - ထမင်းစားဇွန်း ၂ ဇွန်း
ငရုတ်သီး အကြမ်းမှုန်. – ထမင်းစားဇွန်း ၂ ဇွန်း
ဆီ
ငါးအကွင်းများကို ရေဆေးပြီး ၂ ပိုင်းဖြတ်ကာ ဆား (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ အရသာမှုန်.(လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ နနွင်းမှုန်.(လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ) ခန်.တို.နှင့် နယ်ထားပါ။
high heat နှင့် အပူပေးထားသည့် အိုးထဲမှ ဆီပူလာလျှင် နနွင်းမှုန်.(လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ) ကို ထည့်ပါ။ (ဆီထဲကိုပါ နနွင်းမှုန်.ထည့်ကြော်ရင် ငါးအရောင်ပိုလှပါတယ်။)
ပြီးလျှင် ငါးများကပ်မသွားစေရန် တစ်ပြိုင်တည်း မထည့်ပဲ တစ်တုံးချင်းစီ ထည့်ပေးပါ။ (ဆီအရမ်း မပေါက်စေရန် ဒယ်အိုးကိုမသုံးပဲ အိုးခပ်စောက်စောက်ကို သုံးပေးပါ။)
ငါးများ အောက်ပါပုံ အနေအထားဖြစ်လျှင် ဆယ်ထုတ်ပြီးထားပါ။
အိုးထဲတွင် ဆီ(ဟင်းခပ်ဇွန်းကြီး ၁ ဇွန်းခွဲခန်.) ချန်ကာ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ။
ကြက်သွန်ဖြူများ ရွှေဝါရောင်ပြောင်းလာလျှင် ငရုတ်သီး(ထမင်းစားဇွန်း ၂ ဇွန်း) နှင့် ဆား (လက်ဖက် ရည်ဇွန်း ၁ ဇွန်း) ကိုထည့်ကာ ၁၀ ချက်ခန်. အမြန်မွှေပြီး မီးဖိုမီးကိုပိတ်ပါ။
မီးပိတ်ပြီးသည်နှင့် ငါးကြော်ထည့်ကာ နှံ.အောင်မွှေပေးပြီးလျှင် ငါး ကြက်သွန်ဖြူ အစပ်ကြော်လေး ထမင်းပူပူလေးနှင့် တွဲဖက်စားရန် အသင့်ဖြစ်ပါပြီ။
ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook