ကင်ပွန်းချဉ် နဲ. ငါးကြင်းချဉ်ရည်ဟင်း



***... ကင်ပွန်းချဉ် နဲ. ငါးကြင်း ချဉ်ရည်ဟင်း အတွက် လိုအပ် တာလေးတွေ…

1. ပုံပါအတိုင်း လှီထားသော ငါးကြင်း – ၂၆ ကျပ်သား (400 g)
2. အရသာမှုန်. – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
3. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
4. နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
5. ဆီ – ဟင်းခပ်ဇွန်းကြီး ၁ ဇွန်းခွဲ
6. ပါးပါးသေးသေး လှီးထားသော ဂေါက်သီးအရွယ် ကြက်သွန်နီ – ၃ လုံး
7. ၂ ပိုင်းဖြတ်ကာ အကွင်းလိုက် လှီးထားသော ဂေါက်သီးအရွယ် ခရမ်းချဉ်သီး – ၃ လုံးခွဲ
8. စိမ်းစားငပိ – ထမင်းစားဇွန်း ၁ ဇွန်း
9. အရောင်တင်မှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
10. ကင်ပွန်းချဉ်ရွက် – 1 cup (250 ml)
11. ငါးငံပြာရည် – ဟင်းခပ်ဇွန်းကြီး ၁ ဇွန်း
12. ရေနွေး – 5 cups (1250 ml)
13. ၂ ခြမ်းကွဲလှီးထားသော ငရုတ်သီးစိမ်း – ကြိုက်သလောက်
14. ခပ်ကြမ်းကြမ်း လှီးထားသော နံနံပင် – လက်တစ်ဆုပ်ခန်.

ငါးကို အရသာမှုန်.၊ နနွင်းမှုန်.တို.နှင့် နယ်ကာ နာရီဝက်ခန်.နှပ်ထားပါ။

ဆီ ထဲထည့်ကာ high heat နှင့် ကြော်ထားသော ကြက်သွန်နီများ ရွှေဝါရောင် သန်းလာလျှင် ခရမ်းချဉ်သီးများ ထည့်ပြီး ဖိချေမွှေကြော်ပေးပါ။

ခရမ်းချဉ်သီးများနွမ်းကြေသွားလျှင် medium heat သို.လျှော့ပြီး အရောင်တင်မှုန်.ထည့်ကာ ၄၊၅ခါ မွှေကြော်ပေးပါ။

ပြီးလျှင် ငပိထည့်ကာ ၁မိနစ်ခန်. ဖိချေမွှေကြော်ပေးပါ။

ထို.နောက် ကင်ပွန်းချဉ်ရွက်များထည့်ကာ ၄၊၅ခါ မွှေကြော်ပေးပါ။

ရေနွေး ထည့်ကာ high heat သို.တိုးပြီး အိုးအဖုံး ဖုံး၍ ၅ မိနစ်ခန်. ဆူခိုင်းပါ။

ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲ ငါး နှင့် ငရုတ်သီးကို ထည့်ကာ အိုးအဖုံး ဖုံး၍ ၃ မိနစ်ခန်. ဆက်တည်ပေးပါ။ (၁ မိနစ်ခွဲခန်.ကြာလျှင် ငါးများကို အပေါ်အောက် လှန်ပေးပါ။)

၃ မိနစ်ပြီးနောက် နံနံပင်များထည့်ပြီးသည်နှင့် မီးဖိုမီးကိုပိတ်ကာ ကင်ပွန်းချဉ် နဲ. ငါးကြင်းချဉ်ရည်ဟင်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။ (ငါးကို အရမ်းကြာအောင်ချက်ရင် စားလို.မကောင်းပါဘူး။)

ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook








ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...