သင်မသိသေးတဲ့ နွမ်းနယ်နေပုံ ပေါက်စေတဲ့ အံ့သြစရာ အချက်များ

Victor. Paa Tung on 2014-07-22 17:45 
ကျန်းမာရေး ဒေါင်ဒေါင်မြည် ဖြစ်နေတဲ့ အချိန်မှာတော့ ကြည့်ရတာ ပင်ပန်းနေတဲ့ပုံ ဖြစ်စရာကြောင်း မရှိပါဘူး။ အရက်နာ ကျတာ (သို့) အိပ်ရေး ပျက်တယ် ဆိုတာလည်း ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မျက်စိ ငိုက်ကျနေတာ၊ အသားအရေ မွဲခြောက်ခြောက် ဖြစ်နေတာ၊ မျက်လုံးတွေ ရဲနေတာတို့ ဖြစ်နေကျဖြစ်တတ် ပါတယ်။ တိုက်ဆိုင်းသွား သလားတော့မသိ။ တစ်နည်းထက်မက ပြုမူနေထိုင်ပြုပြင်ဖို့ နည်းလမ်း တစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ညလုံးပေါက် မအိပ်ဘဲ နေတာ တစ်ခုတည်းက ပင်ပန်းနွမ်းနယ်နေ သလိုဖြစ်စေတဲ့ အကြောင်းတော့ မဟုတ်ပါဘူး။ အားနည်းနေ သလိုဖြစ်စေတဲ့ သင် ထင်မှတ်ထားမှာ မဟုတ်တဲ့ ကြာင်းအရာ တချို့ကို ညွန်ပြချင်ပါတယ်။

ပထမအချက်ကတော့ အစာအိမ်ကို ဖိအိပ်ခြင်းပါ။ အိပ်နေချိန် ခန္ဓကိုယ်က သွေးလည်ပတ်မှု ကနေတဆင့် မျက်နှာပေါ်အပါအ၀င် တစ်ရှူးထဲကို အရည်တွေကို ထုတ်ပေးပါတယ်။ ဒီအရည်တွေဟာ မျက်လုံးပတ်ပတ် လည်ကို စိုရွှဲစေပြီး ၎င်းမျက်လုံးတစ်ဝိုက်က အရမ်းပါးလွှာတဲ့ အရေပြားကို ဆန့်ထုတ်ပေးပါတယ်။ ဒါကြောင့် နွမ်းနယ်တဲ့ ပုံပေါက်စေတာပဲဖြစ်ပါတယ်။ ခေါင်းအုံး တစ်ခု (သို့) တစ်ခုထက်ပိုသုံးပြီး အိပ်မယ်ဆိုရင် ၎င်းအရည်တွေဟာ မျက်နှာဘက်သို့ စီးမယ့်အစား ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပါလိမ့်မယ်။

ရက်ရှည်ထားတဲ့ အစားအစာ ရက်ရှည်ထားတဲ့ အစားအစာလို့ ဆိုတဲ့အခါမှာ သကြား နှင့် ကာဗွန် ဟိုက်ဒရိုက်လည်းပါဝင်ပါတယ်။ ဒီအစားအစာတွေက အဆီတက်အောင်လုပ်ရုံမက အရေပြားကိုလည်း ပျက်ဆီးစေပါတယ်။ နောက်ပြီး အရေပြားမှာ ယားနာခြင်း နဲ့ အကောက်ကြောင်းများဖြစ်ပေါ်စေပါတယ်။ အရေပြားကို လန်းဆန်းစိုပြေစေအောင်လုပ်ပေးတဲ့ ခုခံအားစနစ်ကို ပျက်ဆီးစေပါတယ်။ ရိုးရှင်းပါတယ်။ အဲ့ဒီ့ အစားအစာကိုရှောင်ပါ။ ဂျုံမှုန့်၊ ဟိုက်ဒရိုဂျင်ပါဝင်တဲ့ ဆီ ၊ အချိုဓာတ်များများပါတဲ့ အစားအစာမျိုးကို ရှာဖွေစားသုံးသင့်ပါတယ်။

ကိုယ်နဲ့မတည့်တဲ့ အစားအစာတွေကြောင့် နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း နဲ့ လည်ချောင်း နာခြင်း စတဲ့ ရာသီအလိုက်ဖြစ်ပွားတတ်တဲ့ ရောဂါတွေကနေ မျက်ကွင်းညိုခြင်းဖြစ် တတ်ပါတယ်။ ဆဲလ်တွေကို အအရောင်ပြောင်းလဲစေပြီး သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။ အဲလိုရောဂါလက္ခဏာတွေ ဖြစ်လာတဲ့အခါမှာ ရာသီအလိုက်ဖြစ်တဲ့ရောဂါတွေကို ကုသနိုင်သလို၊ ရောဂါကို ခုခံကာကွယ်ပေးမယ့် အန်တီဟက်စ်တာမင်း ကို ပုံမှန်သောက်ရပါမယ်။

နောက်တစ်ခုကတော့ မျက်လုံးကို ပွတ်သပ်ထားတဲ့အရှိန်ကြောင့်ေ၇ာ ခြောက်သွေ့တဲ့လေကြောင့်ပါ မျက်လုံးခြောက်ကပ်ကပ်ဖြစ်တတ်ပါတယ်။ ဒီခြောက်သွေ့တဲ့လေက မျက်စိတစ်ဝိုက်အကြောတွေကို ကျယ်လာစေပြီး ထိုင်းထိုင်းမိုင်းမိုင်း ဖြစ်စေပါတယ်။

ကဖင်း(Caffeine) ဓာတ် အနေနဲ့ကတော့ ကိုယ်နေ့စဉ်သောက်သုံးတဲ့ ကော်ဖီပမာဏကို သိဖို့လိုပါတယ်။ ၎င်းဟာ အရေပြားမှာ ရေဓာတ်ခန်း ခြောက်စေပြီး အရေပြား တွန့်လိမ်ခြင်း၊ မည်းညိုခြင်း နဲ့ ခြောက် သွေ့ခြင်းတွေကို ဖြစ်စေပါတယ်။ တစ်နေ့လေးခွက်ထက်ပို မသောက်ပါနဲ့။ အရေပြားကို နုပျိုစေတဲ့ အန်တီအောက်စီဒန့် တွေကို ဖျက်ဆီးပစ်ပါတယ်။ ဒီအချက်အားလုံးတို့သည် အရေပြားကို မွဲခြောက်စေပြီး စိတ်ဝင်စားမှု ကင်းစေပါတယ်။ Caffeine ဓာတ်အနည်းငယ်သာပါဝင်တဲ့ လက်ဖက်ခြောက်ကိုသာ သောက်သုံးသင့်ပါတယ်။

Source: mensxp
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...