ကြောင်ဘာသာ စကားကို ကျွမ်းကျင်စွာ ပြောနိုင်တယ်လို့ ဆိုတဲ့လူ

Jack the Ripper on 2014-07-22 15:13 
Louis Denyer ဆိုသူဟာ တိရိစ္ဆာန်တွေရဲ့ ပါတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ပြီး သူတို့ရဲ့ အပြုအ မူတွေကို လေ့လာပြီး နောက်မှာ ကြောင်ဘာသာ စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီလို့ ဆိုပါ တယ်။

သူ့ကိုယ်သူ ကြောင်လူသား လို့ခေါ်တဲ့ ၂၉ နှစ် အရွယ် Louis ဟာ တိရိစ္ဆာန်ရဲ့ ခန္ဓာကိုယ် ဘာသာစ ကားကိုဖတ်၊ မျက်တောင် နှေးနှေး ခတ်ပြီး ဆက်သွယ် စကားပြော တာဖြစ်ပါတယ်။

မှတ်တမ်း ဗီဒီယို စီးရီးတွေကြည့်ပြီး ကြောင်တွေနဲ့ ဆက်သွယ်နည်းကို သင်ယူခဲ့တဲ့ Mr Denyer က ‘ကြောင်ကို နှေးနှေး မျက်တောင် မခတ်ပြခင် ကျွန်တော့်ကို ကျွန်တော် အလွယ်တကူ ထိခိုက်ဒဏ်ရာ ရနိုင်တဲ့ အနေအထားနဲ့ နေပေးရပါတယ်။ ဆယ်ကြိမ်မှာ ကိုးကြိမ် သူတို့ မျက်တောင် ပြန်ခတ်ပြပါတယ်။ ဒါဟာ သူတို့က သင့်ကို ယုံကြည်ဖို့ ဆန္ဒရှိနေတယ် ဆိုတာကို ပြောတာဖြစ်ပါတယ်’ လို့ပြောပါတယ်။

‘ကျွန်တော်က ကြောင်တစ်ကောင်ရဲ့ ပြသနာတွေကို ဖြေရှင်းနိုင်တဲ့ ဗဟုသုတ ရှိတယ်လို့ အလွန်ပဲ ယုံကြည်မှု ရှိပါတယ်။ ဘယ်အရာ ကြောင်တွေကို သန်းတွယ်စေသလဲ ဆိုတာ ခင်ဗျားလေ့လာ ရပါမယ်’ လို့ပြောပါတယ်။

Denyer ဟာ ကြောင်တွေနဲ့အတူ ကြီးပြင်း လာတာဖြစ်ပြီး သူ့ရဲ့သူမတူတဲ့ ဆက်နွယ်မှုက ပြသနာရှိတဲ့ တိရိစ္ဆာန်တွေရဲ့ ပိုင်ရှင်တွေကို ကူညီပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

သူကအခုအခါမှာ ကြောင် အပြုအမူဆိုင်ရာ ကျွမ်းကျင်သူ လုပ်ငန်းကို ထူထောင်ပြီး သူ့ရဲ့ဝန်ဆောင်မှုတွေ ကို ပေးနေတာဖြစ်ပါတယ်။

‘ကျွန်တော်က ကြောင်တွေရဲ့အသက်ကို ကယ်ဖို့ဖြစ်ပါတယ်။ ဒါက ကျွန်တော်လုပ်နေတဲ့ အရာတစ်ခုလုံး ရဲ့ ရည်ရွယ်ချက်ပါ။ မမျှမတ ဆက်ဆံခံနေရတဲ ကြောင်တွေ၊ အပြုအမူ မှားယွင်းပြီး အပြစ်ပေးခံနေရတဲ ကြောင်ပြသနာတွေ အများကြီး ရှိတယ်လို့ ခံစားရပါတယ်’ လို့ သူကပြောပါတယ်။


Ref:dailymail.co.uk
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...