စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသား များအတွက် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲ ကျင်းပမည်
စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံ သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို စင်ကာပူနိုင်ငံ ရှိ Suntec Convention Center တွင်၂၀၁၄ ခုနှစ် သြဂုတ်လ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် လူထုအကျိုးပြု စာပေဟောပြောပွဲ များလည်း ပါဝင်မည်ဖြစ်ပြီး ပြည်ပတွင် သွားရောက် အလုပ် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ “ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံ မှ စီးပွားရေး လုပ်ငန်းရှင်များနဲ့အတူ လက်တွဲအလုပ်လုပ် ကိုင်ရတာကို စိတ်ကျေနပ်မိပြီး အခုလည်း ၎င်းတို့ ကုမ္ပဏီတွေမှာ လိုအပ်နေတဲ့ လူ့စွမ်းအား အရင်းအမြစ်များကို ဖြည့်စွက်ပေးနိုင်ရန် အတွက် ဒီအလုပ်အကိုင်ပြပွဲကြီးကို စင်ကာပူနိုင်ငံတွင် ပြုလုပ်ကျင်းပပေးရခြင်းဖြစ်ပြီး ဒီအတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။” လို့ MyJobs ၏ Managing Director ဖြစ်သူ Mr.Jemin Popat မှပြောသည်။
အသေးစိတ်သိရှိလိုပါက crystal@myjobs.com.mm ၀၉ ၄၂၀၂၀၁၁၇၀၊ (သို့မဟုတ်) ameachi@myjobs.com.mm ၀၉၂၅၀၈၁၄၅၂၂ သို့ e-mail ဖြင့်သော်လည်းကောင်း ဖုန်းဖြင့် သော်လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်သည်။
Internet Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook