နိုဝင်ဘာ ၁ ရက်မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မယ့် ဖြူဖြူကျော်သိန်း

တေးသံရှင် ဖြူဖြူကျော်သိန်း က သူမရဲ့ ငါးခွေမြောက် တစ် ကိုယ်တော် ကိုယ်ပိုင် သံစဉ် စီးရီး သစ်ကို ‘နာမည်တွင် ကျန်နေရစ် မယ်’ လို့ အမည်ပေး ထားကြောင်း သိရပါတယ်။ ဒီစီးရီးသစ် မှာ တော့The Scare ဆိုတဲ့ လူငယ် တီးဝိုင်းသစ်နဲ့ တီးခတ်ထားတာ ဖြစ်ပြီး တေးရေးကလည်း တစ်ဦးတည်း ပဲဖြစ်ပါတယ်။ စက်တင်ဘာ လထဲ မှာ အခွေသစ်ထွက် ဖို့ ရည်ရွယ် ထားတဲ့ ဖြူဖြူကျော်သိန်း က နိုဝင်ဘာ ၁ ရက်နေ့ မှာတော့ သူမ ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို Strand ဟိုတယ်မှာ ကျင်းပပြု လုပ်မှာ ဖြစ်ကြောင်းလည်း သိရ ပါတယ်။

“၂ဝ၁ဝ တုန်းက ဖျော်ဖြေပွဲ ပြီးကတည်းက အခုဆို ၄နှစ် လောက် လည်းကြာ သွားပြီဆိုတော့ ဒီနှစ်မှာလုပ်ဖြစ်တာပါ။ ပုံစံကို ဆန်းသစ်ပြီး ထူးခြားတဲ့ အစီအစဉ် လေးေ တွနဲ့ လုပ်ဖို့စဉ်းစားထား တယ်။ အနားနီးရင်တော့ ပိုပြီးအ သေးစိတ်ပြော သွားပါမယ်”လို့ ဖြူဖြူကျော်သိန်း ကပြောပါတယ်။ အခုလို တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုနောက်ပိုင်းမှာ လည်း ပြုလုပ်သွား ဖို့ရှိပြီး နိုဝင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်ဖြစ် တာကတော့ ဘာအထိမ်းအမှတ်အနေ နဲ့မှမဟုတ်ဘဲ ပွင့်လင်းရာသီအဆင်ပြေမယ့်နေ့ ကို ရွေးချယ် ထားခြင်းဖြစ် ကြောင်း လည်း သိရပါတယ်။

“၂ဝ၁၃တုန်းကလည်း လုပ်ချင်ခဲ့တယ်။ အခုတော့ ဒီနှစ်မှာ တကယ်လုပ်ဖြစ်ပါပြီ။ ပွဲပုံစံ ကတော့ အရင် လုပ်နေကျပုံစံလေးတွေနဲ့ ကွာ လိမ့်မယ်။ တီးဝိုင်းကိုတော့ ဖြူဖြူ လက်တွဲနေကျ Lazy Club ပါမယ်။Dancer အနေနဲ့ကတော့Jade Dragon ပါမယ်” လို့ဖြူဖြူကျော်သိန်းက ပြောပြခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ် ကဖြူဖြူကျော် သိန်းရဲ့ ဂီတ သက်တမ်း ၁၁နှစ်ပြည့်တဲ့နှစ် လည်း ဖြစ်ပါတယ်။


ရဲရဲ
ref;Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...