ထမင်းဆိုင်-ရောင်းကောင်းစေသော ယတြာ
ဒီအဒေါ်ကြီး နာမည်က ဒေါ်တင်ဥ တဲ့။ ဇာတိက တော့ ဗန်းမော် ကပါ။ သူက အပြင်မှာ ထမင်းဆိုင် ရောင်းတယ်ပေါ့။ သူက ကျွန်တော်ဆီမှာ ဗေဒင် လာမေးတယ်။ ဆရာရယ်တဲ့။ ကျွန်မ ထမင်းဆိုင် ရောင်း ကောင်းအောင် ကူညီပေးပါဦး တဲ့။
အဲတော့ ကျွန်တော်က ထမင်းဆိုင် ရောင်းကောင်း ချင်တာများဗျာ ဟင်းကောင်းကောင်း ချက်ဗျာ။ ဈေးချိုချိုနဲ့ေ၇ာင်းဗျာ။ အဲဒါဆိုရင် ခင်ဗျားဆိုင်ကို လူတွေ အုံလာ လိမ့်မယ်ဟု ခပ်တည်တည်နဲ့ ပြောလိုက်လေရာ ဒေါ်တင်ဥ က ဟုတ်ပါပြီ ဆရာရယ်။ ဆရာပြောသလို ကျွန်မ ကောင်း ကောင်းလဲ ချက်ပါ့မယ်။ ဈေးချိုချိုနဲ့လည်း စားသုံးနိုင် အောင်လဲ ရောင်းပေးပါ့မယ်။ ဆရာကသာ ကျွန်မကို ယတြာ ကူညီပေးပါဟု ပြန်ပြောလေ၏။
ထမင်းဆိုင် ရောင်းကောင်း ချင်တယ်ဆိုရင် ဒီလိုလုပ်ဗျာ။ ဆိုင်ကောင်တာမှာ ရွှေရောင်နဲ့ (5) လို့ ရေးထားပြီး ကပ်ထား လိုက်ဗျာ။ ဆိုင်က ကောင်တာ မရှိဘူး ဆိုရင်တော့ ဆိုင်မျက်နှာစာမှာ ကပ်ထား လိုက်။ ဒါဆိုရင် ခင်ဗျား ထမင်းဆိုင် ရောင်းကောင်း လွန်းအားကြီး ပိုက်ဆံတွေနဲ့ ယပ်ခပ်နေရာမယ်ဗျာ ဟု ပြန်ပြော လိုက်လေတော့သည်။
စာဖတ်သူများ ထဲမှလည်း စားသောက်ဆိုင် ထမင်းဆိုင် ထမင်းကြော်ဆိုင် များ အရောင်းသွက် လိုလျှင် အထက်ပါအတိုင်း လုပ်ဆောင်နိုင်ကြပါကြောင်း
အားလုံးအဆင်ပြေချောမွေ့ကြပါစေ

ref;https://www.facebook.com/techbayda
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook