ဘယ်မီဒီယာကိုမှ စော်ကားလိုစိတ် မရှိဟု ဝေဠုကျော်ပြော

အာဇာနည်နေ့တွင် အာဇာနည်ကုန်း အလေးပြုသောနေ ရာ၌ ကြက်ခြေနီ အဖြစ် တာဝန် ထမ်းဆောင်သော ဝေဠုကျော်နှင့် မီဒီယာ သမားတစ်ဦးတို့ ကတောက်ကဆ ဖြစ်ခဲ့ပြီး ၎င်းအနေဖြင့် လာရောက် ဂါရ၀ပြုသူများ အဆင်ပြေစေရေးကိုသာ ဦးစား ပေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း သရုပ်ဆောင် ဝေဠုကျော်က ပြော သည်။

အာဇာနည် ကုန်းပေါ်တွင် ဒီဗီဘီ သတင်းဌာနမှ သတင်း ထောက် တစ်ဦးကို အလေးပြုပြီး ပြန်ဆင်းရန် ပြောရာမှ ကတောက် ကဆ ဖြစ်ပြီး သတင်းထောက် ကတ်ပြခိုင်း ခဲ့ရာ သတင်းထောက် က မကျေနပ် သဖြင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် ဖြစ်ခဲ့သည့်အ ကြောင်းအရာကို ရေးတင်ခဲ့ ခြင်းဖြစ်သည်။ ထိုသို့ရေးခြင်းနှင့် ပတ်သက် ၍ ဝေဠုကျော်က လာရောက် ဂါရ ၀ပြုသည့် ပြည်သူများ အဆင်ပြေ ပြေ ဂါရ၀ပြုနိုင်ရေးအတွက်ကို သာ ဦးစားပေးဆောင်ရွက် ခဲ့ပြီး အားလုံးကို တစ်ပြေးညီ ဆက်ဆံ ခဲ့ကြောင်း ပြောသည်။

‘‘ဘယ်မီဒီယာ ကိုမှ စော် ကားလိုစိတ် မရှိပါဘူး။ သူဘယ် သူလဲဆို တာလည်း ကျွန်တော် မသိဘူး။ သူက ကျွန်တော့်ကိုပြော ပါတယ်။ သူက ဒီဗီဘီ သတင်း ထောက်ပါတဲ့။ အဲဒါနဲ့ ကျွန်တော် က ကတ်ပြားလေးပြ ပါလို့ ပြောပါ တယ်။ သူ ကတ်ပြားပြလို့ သတင်း ယူမယ်ဆိုရင် ယူခွင့်ပေး ရမှာ လေ။ သူက ကတ်ပြား မရှိတော့ ဘူး၊ ပျောက်သွားတယ် ဆိုတော့ သူဘယ်သူလဲ ကျွန်တော် မသိဘူး လေ။ အဲဒါကြောင့် ဟိုဘက်က သွားရိုက်ပေးလို့ ကျွန်တော်ပြောခဲ့ တာ။ အဲဒီအပေါ်မှာ သူ့ဘက်က အကောင်း မမြင်တာတော့ ကျွန် တော်လည်း မတတ်နိုင် ပါဘူး’’ ဟု ၎င်းက ပြောသည်။

မီဒီယာကတ်ပြားပြနိုင်သူကို မောင်းချပါက ၎င်း၏ အမှားဖြစ် ပြီး ၎င်းဘက်မှ မီဒီယာကတ်ပြား မပြနိုင် သောကြောင့် ဂါရ၀ပြု သည့်နေရာတွင် ဓာတ်ပုံရိုက်နေ သူများကဲ့သို့ ဂါရ၀ပြုသည့်နေရာ မှဆင်း၍ တစ်ဖက်တွင် သွား ရောက်ရိုက်ကူးရန် ပြောခဲ့ခြင်းဖြစ်ကြောင်း ဝေဠုကျော်ကပြောသည်။ ကြက်ခြေနီ တစ်ဦးအနေ ဖြင့် နိုင်ငံတော်ပွဲတိုင်းတွင် ပါ ၀င်လေ့မရှိသော်လည်း အာဇာ နည်နေ့တွင် လာရောက် ဂါရ၀ပြု သူ အလွန်များသောကြောင့် အ ဆင်ပြေပြေ ဂါရ၀ပြုနိုင်ရန် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြော သည်။ ဝေဠုကျော်သည် ရန်ကုန် တိုင်း ကြက်ခြေနီအဖွဲ့တွင် တပ်ခွဲမှူး ရာထူးဖြင့် စည်းရုံးရေးမှူး တာဝန် ထမ်းဆောင်လျက်ရှိ သည်။ 


7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...