တရုတ်နိုင်ငံတွင် နှလုံးရောဂါကြောင့် ဆေးရုံ တက်ရသူ ဆယ်နှစ်အတွင်း လေးဆ မြင့်တက်လာ

The Lancet ဆေးပညာ ဂျာနယ်တွင် ဖော်ပြ ထားသည့် သုတေသန တခုအရ တရုတ်နိုင်ငံတွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ရုတ်တရက် နှလုံးဖောက်ပြန် မှုကြောင့် ဆေး ရုံတက် ကုသမှု ခံယူရသူ လေးဆပို လာကြောင်း သိရသည်။
အဖြစ်အများဆုံး နှလုံးဖောက် ပြန်မှုမှာ ST elevation myocardial infarction (STEMI) ဟု အမည်ရသည့် နှလုံးကြွက်သားပုပ် ရောဂါ အမျိုးအ စားကြောင့်ဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်စေသည့် ပြဿနာတစ်ခုဖြစ်သည်။

တရုတ်နိုင်ငံသားများ ခံစားရသည့် နှလုံးဖောက်ပြန် ဝေဒနာများ၏ (၈၀) ရာနှုန်းမှာ STEMI နှလုံး ကြွက်သားပုပ် ရောဂါကြောင့်ဖြစ်သည်။ တရုတ်အစိုးရ ကမကထပြုလုပ် သည့် သုတေသနတွင် နိုင်ငံ တ၀ှန်း ဆေးရုံ (၁၆၂) ခုတွင် STEMI ကြောင့် ဆေးရုံတက်ကုသမှု (၁၃၈ ၁၅)ခု၏ ဆေးမှတ်တမ်းများ၊ ကုသမှု များ၊ ရလဒ်များကို လေ့လာခဲ့သည်။ ဆေးရုံတက်ကုသနှုန်း များပြားလာသော်လည်း STEMI ကြောင့် သေဆုံးရသည့် အရေအတွက်မှာ လျော့ကျသွားခြင်း မရှိသေးသည်ကိုလည်း တွေ့ရှိရသည်။
“ STEMI နှလုံးကြွက်သားပုပ် ရောဂါအတွက် ကုသမှုတွေ မထိ ရောက်သေးတာကြောင့် နိုင်ငံတွင်း ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်း တွေကိုလေ့ကျင့်မှုပြုလုပ်ခြင်း၊ အခြေ ခံအဆောက်အဦတွေ ဖွံ့ဖြိုး တိုးတက်အောင်ပြုလုပ်ခြင်း၊ ကုသမှုအဆင့် မြှင့်တင်ခြင်းတို့ကို ပြုလုပ်ပေးဖို့လိုပါ တယ်””ဟု ဘေဂျင်း အခြေစိုက် တရုတ် အမျိုးသား နှလုံးသွေးကြောရောဂါ ဌာနမှပါမောက္ခ Lixin Jiang က ဆိုသည်။

နှလုံးကြွက်သား ပုပ်ခြင်းကြောင့် တရုတ်နိုင်ငံတ၀ှန်း ဆေးရုံတက်ကုသ နှုန်းမြင့်တက်လာရသည့် အကြောင်းရင်းမှာ နှလုံးကြွက်သားပုပ်ရောဂါဖြစ်ပွားမှုမြင့် တက်လာခြင်းကြောင့် သော်လည်းကောင်း၊ ဆေးရုံသို့ လွယ်ကူလျှင်မြန်စွာ တက်ရောက်နိုင်မှု မြင့်တက်လာခြင်းကြောင့် သော်လည်းကောင်း ရှင်း လင်းစွာမသိရသေးကြောင်း သုတေသနတွင် ဖော်ပြထားသည်။

နှလုံးကြွက်သားပုပ်ခြင်းကြောင့် နှလုံးဖောက်ပြန်သည့် ဝေဒနာသည် ကမ္ဘာတ၀ှန်းအန္တရာယ် အပေးဆုံး ပြဿနာတစ်ခုဖြစ်ပြီး အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟို (CDC) ၏အဆိုအရ နှစ်စဉ် အမေရိကန်နိုင်ငံသား (၇၁၅၀၀၀) ဦး နှလုံးဖောက်ပြန်မှု ခံစားရလျက် ရှိပြီး ၎င်းတို့၏ (၁၅) ရာခိုင်နှုန်းမှာ အသက်ဆုံးရှုံးရလေ့ရှိသည်။

ဇော်ကို
Ref;NMD
Health Updates Journal Vol; (2), 126
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...