သင့်ရဲ့အော်စကာဆုကို ရောင်းချပါက တရားအစွဲခံရမည်


Jack the Ripper on 2014-07-02 16:23

အော်စကာဆုရှင် Joseph Wright ရဲ့အမွေဆက်ခံသူတွေဟာ သူ ၁၉၄၂ ဂီတအသားပေး ဇာတ်ကား အတွက်ရတဲ့ ရုပ်ထုကို အတည်မပြုနိုင်တဲ့ သတင်းတွေအရ ရောင်းချမှုနဲ့ တရားစွဲဆိုခံနေရပါတယ်။

ရုပ်ရှင်အနုပညာနဲ့သိပ္ပံ အကယ်ဒမီက ၁၉၄၂ အော်စကာဆုရှင် Joseph Wright ရဲ့အမွေဆက်ခံသူတွေ နဲ့ Briarbrook လေလံလုပ်ငန်းကို အော်စကာရုပ်ထုရောင်းချတယ်ဆိုပြီး တရားစွဲခဲ့ကြောင်း the Hollywood Reporter (THR) ရဲ့အဆိုအရ သိရပါတယ်။

အင်္ဂါနေ့ Los Angeles အထက်တရားရုံးမှာ စွဲချက်တင်တဲ့ ဒီအမှုမှာ ဒီဆုကို အမည်မသိ ၀ယ်ယူသူ တစ်ယောက်ထံ ရောင်းချခဲ့မှုဟာ ၄င်းရဲ့အဖွဲ့ဝင်တွေနဲ့ အော်စကာကို အမွေဆက်ခံတဲ့ မည်သူမဆို အကယ်ဒမီက ဆုကို ၁၀ ဒေါ်လာနဲ့ ၀ယ်ယူမှုကို ဦးစွာငြင်းပယ်နိုင်ခွင့်မပေးဘဲ အော်စကာဆုကို ရောင်း ချခြင်းသို့မဟုတ် လွှဲပြောင်းပေးအပ်ခြင်းမှတားမြစ်တဲ့ အကယ်ဒမီရဲ့စည်းကမ်းကို ချိုးဖောက်ခြင်းဖြစ် ကြောင်း အကယ်ဒမီက ဆိုပါတယ်။

Wright ဟာ My Gal Sal ဂီတအသားပေးဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သူ Rita Hayworth ရဲ့ အရောင်အသွေးနဲ့ အနုပညာပိုင်းဆိုင်ရာ ညွှန်ကြားသူ အဖြစ်ဆောင်ရွက်ခဲ့မှုကြောင့် အော်စကာကို ရရှိခဲ့တာဖြစ်ပါတယ်။

အကယ်ဒီမီဟာ ၄င်းတို့ရဲ့အော်စကာတွေကို ကာကွယ်တတ်မှုနဲ့ အရင်တုန်းကလည်း တရားဥပဒေရေးရာ လုပ်ဆောင်မှုတွေကြောင့် လူသိများပါတယ်။

Brairberook လေလံလုပ်ငန်းကတော့ THR ရဲ့မှတ်ချက်ပေးဖို့တောင်းဆိုမှုကို ချက်ချင်းမတုန့်ပြန်သေး ပါဘူး။


Ref:time.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...