ရုရှားလမ်းမပေါ်မှာ ပေါ်ပေါ်တင်တင် လိင်ကိစ္စ ကျူးလွန်တဲ့ စုံတွဲ
![]() |
image>> http://dembefm.ug/ |
အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ အတွင်းကျကျ နက်ရှိုင်းပြီး လူမြင်ခံမ၀ံ့တဲ့ ပေါင်းသင်း ဆက်ဆံ ရေး တွေကို ရုရှားနိုင်ငံရဲ့ အများပြည်သူသုံး လမ်းမပေါ်မှာ နေ့ခင်းကြောင်တောင် ပေါ်ပေါ်တင် တင်ဖြစ်နေတဲ့ ဗီဒီယိုမှတ်တမ်း တစ်ခု နိုင်ငံပိုင် ဆိုရှယ် မီဒီယာမှာ ဖော်ပြလာပါတယ်။
မြို့တော် ဆာမာရာ၊ လီနင်ဂရက်လမ်းပေါ်ရှိ ရဲ့ သမိုင်းဝင်ကျောက်တိုင် တစ်တိုင်ရဲ့ အောက်ခြေ ပလက် ဖောင်းပေါ်မှာ အမျိုးသားနဲ့ အမျိုးသမီးတို့ ရဲ့ ၁၅ မိနစ်ကျော်ကြာ လိင်ကိစ္စ ကျူးလွန်နေကြတာကို အသက် ၂၆ နှစ်အရွယ် အက်လက်ဆေး ဒူဟော့ ဆိုသူ အမျိုးသားတစ်ဦးက ဗီဒီယိုမှတ်တမ်း ခိုးဝှက်ရိုက်ကူးခဲ့တာ ပဲဖြစ်ပါတယ်။
လူမြင်ကွင်းမှာ ပေါ်ပေါ်တင်တင် ဖြစ်နေကြတဲ့ ဗီဒီယိုမှတ်တမ်းအရ သူတို့နှစ်ဦးစလုံးမှာ အောက်ပိုင်း အ၀တ်အစားတွေကို အနည်းငယ်လျှောချ ချွတ်ထားပြီးတော့ အမျိုးသမီးက အပေါ်ဘက်က အနေအ ထားနဲ့ လိင်ကိစ္စဖြစ်နေကြတာကို မြင်တွေ့ရပါတယ်။
“ကျွန်တော် ဒီမြင်ကွင်းကို မြင်တော့ အရမ်းကို အံ့သြတုန်လှုပ် သွားပါတယ်။ သူတို့နှစ်ယောက် ဒီလို ဖြစ်နေချိန်မှာလည်း အဲ့ဒီမှာ ဘယ်သူမှ ရှိမနေပါဘူး။ ကျွန်တော်လည်း ဒီဗီဒီယိုကို ခိုးကြောင် ခိုးဝှက်နဲ့ ရိုက်ခဲ့ပြီးတော့ လူတွေကို အသိပေးချင်တဲ့ သဘောနဲ့ပါ။ ဒါမျိုးကြီးကတော့ လူမြင်ကွင်းမှာ ဘယ်လိုမှ မဖြစ်သင့်တဲ့ အရာလို့ ထင်ပါတယ် ” ဗီဒီယို ရိုက်ကူးတဲ့ အမျိုးသား ကောင်လေးက ဆိုပါတယ်။
နိုင်ငံရဲ့ လူမြင်ကွင်းနေရာတွေမှာ ဒီလိုမျိုးလုပ်ရပ်တွေ ပေါ်ပေါ်တင်တင် လုပ်လာ ကြတာနဲ့ ပတ်သက် ပြီးတော့ အစိုးရတာဝန်ရှိသူတွေက ပြစ်တင်ရှုံ့ချထားပြီး ဘယ်လိုပဲ လိင်ကိစ္စ ဆာလောင်မှုတွေဖြစ်နေ ပါစေ လူသူမမြင်တဲ့ နေရာတွေမှာ သာဖြစ်သင့် ကြောင်းနဲ့ ဒီလိုဖြစ်ရပ်မျိုး ထပ်မံဖြစ်ပေါ်လာပါက ပြင်းပြင်းထန်ထန် အရေးယူသွား မှာဖြစ်ကြောင်း သတိပေးပြောဆို လိုက်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်တဲ့ TV သတင်းကို အောက်မှာ ကြည့်လို့ ရပါတယ်။
ref;Phothutaw
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)