အထက်ဆောင်ပန်း အောက်နင်းကြမ်း

 09 July 2014 | By ရိုးရာလေး 
၁ ။ နေမကောင်းဖြစ်နေသော လူနာများ။

၂ ။ အထက်လူကြီးနှင့် သွားတွေ့ ရန်ကိစ္စများ။

၃ ။ အလုပ်ကိစ္စ စကားပြောမည့် သူများ အားလုံး အသုံးပြုနိုင်ပါသည်။

၁ ။။ နေမကောင်းဖြစ်နေသူ တနင်္ဂနွေသား ဖြစ်လျှင် ..... မွေးနေ့ တွင်စတင် လုပ်ရပါမည်။

ခြင်ထောင်ပေါ်တွင် မေမြို့ (သို့ ) ပျဉ်းမ (၁၉) ခက်ထားပါ

လူနာအိပ်သော ဖျာအောက်တွင် ဇော်စိမ်း (သို့ ) ဇီး (၈)ခက်ကို (၂၁) ရက်ထားပါ။

မေမြို့ (သို့ ) ပျဉ်းမကို မွေးနေ့ တစ်ည အိပ်ခိုင်းပြီးနောက်နေ့ မနက်တွင် သောကြာသားမှ ထိုပျဉ်းမရွက် ကို စုကိုင်ပြီးလူနာ၏ ကိုယ်အပေါ်မှ အောက်သို့  (၃)ကြိမ် သပ်ချပါ။ ပြီးလျှင် လူနာအိမ်၏ တောင်ဖက် အရပ်သို့ သောကြာသား ကိုယ်တိုင်စွန့် ပြစ်ပါ ဖျာအောက်မှ ဇီးခက်များကို(၂၁)ရက်ပြည့်လျှင် သောကြာ သားမှ ယူပြီး တောင်ဖက်သို့  စွန့် ပေးပါ ကျန်နေ့ သားများ အောက်ပါဇယားအတိုင်း ကြည့်ပြီးပြုလုပ်ပးပါ။ ခြင်ထောင်ပေါ်ထားရန်။ ဖျာအောက်ထားရန်။ စွန့် မည့်နေ့ သား။ စွန့် ရမည့်အရပ်။

တနင်္လာ ။။ သီဟို (၂၁)ခက် ရွက်လှ(၁၇) ရွက် စနေသား အနောက်တောင်အရပ်

အင်္ဂါ ။။ ဒါန်း (၁၀) ခက် ပျဉ်းမ (၁၉)ခက် တနင်္ဂနွေသား အနောက်အရပ်

ဗုဒ္မဟူး ။။ အုန်း (၆)ညွန့်  သီဟို (၂၁)ခက် တနင်္လာသား အနောက်မြောက်

ကြာသပတေး ။ ကံ့ကော် (၁၅ )ညွန့်  ဒါန်း (၁၀) ခက် အင်္ဂါ သား အရှေ့ မြောက်

သောကြာ ။။ ဇီး (၈)ညွန့်  အုန်း (၆) ညွန့်  ဗုဒ္မဟူးသား အရှေ့ တောင်

စနေ ။။ ရွက်လှ(၁၇)ရွက် ကံ့ကော်(၁၅) ညွန့်  ကြာသပတေးသား မြောက်အရပ်

၂ ။ ၃ ကိစ္စလုပ်မည့် သူများ အောက်ပါဇယားအတိုင်း မည်သည့်နေ့ သားမဆို နေ့ ကိုကြည့်ပြီး ပြုလုပ်ပါ

တနင်္ဂနွေနေ့  ။။ ပျဉ်းမ (သို့ )မေမြို့ တစ်ပွင့် ကိုဆောင်ပါ ဘိနပ်ချွတ်တွင် ဇီး(၈)ခက်ကိုနင်းပြီးထွက်ပါ

တနင်္လာ ။။ သီဟို ။။ ရွက်လှ(၁၇) ရွက်

အင်္ဂါ ။။ ဒါန်း ။။ ပျဉ်းမ (၁၉)ခက်

ဗုဒ္မဟူး ။။ အုန်း ။။ သီဟို (၂၁)ခက် ကြာသပတေး ။ ကံ့ကော် ။။ ဒါန်း (၁၀) ခက်

သောကြာ ။။ ဇီး ။။ အုန်း (၆) ညွန့် 

စနေ ။။ ရွက်လှ ။။ ကံ့ကော်(၁၅) ညွန့်  အစစအဆင်ပြေကြပါစေ


ဆရာမောင်မောင်(ဆန်းသုတေသီ)
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...