အနာဂတ် စမတ်ဖုန်းမျက်နှာပြင် အသုံးပြုသူ၏ ကိုယ်အပူချိန်နှင့် မျိုးရိုးဗီဇကို သိရှိဖော်ပြနိုင်မည်

အနာဂတ် စမတ်ဖုန်း မျက်နှာပြင် များသည် သင်ဖျားနာလျှင် သိရှိနိုင်ပြီး မျိုးရိုးဗီဇများ ကိုတောင် ခွဲခြမ်း စိတ်ဖြာနိုင်မည် ဖြစ်သည်။
Polytechnique Montreal မှ သုတေသန ပညာရှင်များနှင့် Gorilla Glass ထုတ်လုပ်သူ Corning တို့က Sensors များပါရှိသည့် စမတ်ဖုန်း မျက်နှာပြင်များကို ပူးပေါင်း တီထွင်နေကြပါသည်။

အဆိုပါ Sensor များကို စမတ်ဖုန်း မျက်နှာပြင်များတွင် ထည့်သွင်း မြှပ်နှံမည်ဖြစ်ပြီး အသုံးပြုသူ၏ ကိုယ် အပူချိန်၊ သွေးချို ပမာဏကို တိုင်းတာပေး မည်ဖြစ်သည်။ သီအိုရီအရ အသုံးပြုသူ၏ ကျန်းမာရေးကို စဉ်ဆက်မပြတ် တိုင်းတာပေးနိုင်သည့် Apple ၏ HomeKit နှင့် တူညီပါသည်။

ပညာရှင်များ၏ ရည်ရွယ်ချက်မှာ နည်းပညာ ကုမ္ပဏီများအနေဖြင့် ကျန်းမာရေးကို တိုင်းတာပေးနိုင်သော Sensor များကို Windows Computer, Tablet , Laptop များတွင် ထည့်သွင်းနိုင်ရန် ဖြစ်ပါသည်။

ထိုသို့ပြုလုပ်ရန် သုတေသန ပညာရှင်များသည် အလင်းရောင်များဖြင့် ဒေတာများပို့လွှတ်ပေးနိုင်သော လမ်းကြောင်းများကို တီထွင်ရန် ဖန်မျက်နှာပြင်ကို လေဆာရောင်ခြည်ဖြင့် ပစ်ခတ်သည့် နည်းပညာ ဖြစ်ပါသည်။ စမတ်ဖုန်း မျက်နှာပြင်များတွင် ထိုသို့ လမ်းကြောင်းများ ဖောက်ထွင်းခြင်းဖြင့် Sensor များမှ သတင်း အချက်အလက် များကို ရရှိမည် ဖြစ်သည်။

အဆိုပါ မျက်နှာပြင် နည်းပညာသည် လေထုထဲရှိ Carbon-Monoxide ပမာဏကို တိုင်းတာပေးနိုင်ပြီး ဖုန်းတွင် လုံခြုံရေးတိုးမြှင့်ပေးနိုင် ပါသည်။


ref;Myanmar Digital Life Journal

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...