ကွန်ပျူတာပစ္စည်းများ လိုင်စင်မလိုဘဲ တင်သွင်းခွင့်ရတော့မည်

ကွန်ပျူတာနှင့် ကွန်ပျူတာ ဆိုင်ရာ ဆက်စပ် ပစ္စည်း များအားလုံးကို လိုင်စင် ပြုလုပ်ရန် မလိုဘဲ
တင်သွင်းခွင့် ရရှိစေရန် အကောက်အခွန် ဦးစီး ဌာနမှ ခွင့်ပြုပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ
ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းကို ကိုးကားကာ ဇူလိုင်လ ၂၅ ရက်နေ့ 7 Day Daily သတင်းစာ တွင် ဖော်ပြထားသည်။

ကွန်ပျူတာ ပစ္စည်းများကို လိုင်စင်ပြုလုပ်ရန် မလိုဘဲ တင်သွင်းခွင့် ရရှိရန် ဇူလိုင်လ နောက်ဆုံးပတ်တွင် အကောက်ခွန် ဦးစီးဌာနမှ ရုံးတွင်းစာဖြင့် ထုတ်ပြန်ကြေညာ မည်ဖြစ်ကြောင်း သိရသည်။

ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းမှ ကွန်ပျူတာပစ္စည်း ၉၉ ရာခိုင်နှုန်းကို လိုင်စင် ကင်းလွတ်ခွင့် ရရှိ ရန် တင်ပြထားခြင်းဖြစ်ပြီး တင်ပြချက်အတိုင်း ခွင့်ပြုပေးမည်ဆိုပါက ပစ္စည်းအားလုံးနီးပါး

လိုင်စင် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။


ref;Myanmar Times
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...